Part-14

2.5K 229 15
                                    

P.R.E.Double.T.Y

______*KAIHUN*______

ညက အိပ်ရတာ ကျဉ်းပေမယ့် ခုတော့ နဲနဲကျယ်ပီး
ဟိုလိမ့်ဒီလှိမ့်တောင် လှိမ့်နေလို့ရတယ်

''ငြိမ်ငြိမ်နေကွာ ငါအိပ်နေတယ်''

''အွင် သေစမ်း Jong In ဘေးမှာ ငါရောက်နေတယ်''

''မင်းကို ညက ငါမချီလာတာ
မင်းရဲ့ ချမ်းလို့ ငြီးနေတဲ့ ငြီးသံတွေက ငါ့နားထဲမှာ
မသာယာလို့''

''ဟင် ညက ငါheaterဖွင့်ထားတာပါ''ဟု
Sehunရဲ့ စိတ်ထဲတွင် ပြောနေမိသည်။

''အင်းပါ.. ငြိမ်ငြိမ်နေဆိုလဲ နေပေးပါ့မယ်။
Jong Inလက်ကြီး ကျနော့်အပေါ်က ဖယ်အုံး
ကျနော် ကျောင်းသွားဖို့ ရေသွားချိုးမလို့''

''ဟေ့ရောင် အစောကြီးပဲရှိသေးတာ
ထပ်အိပ်အုံး ငါအိပ်ရေးမဝသေးဘူး''

''ဟင် Jong Inအိပ်ရေး မဝတာ ဆက်အိပ်လေ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ''

''ဘာလဲ မင်းက ငါ့နဲ့ အိပ်ရမှာမို့ မကြိုက်တာလား''

''အဲ့သဘောမဟုတ်ပါဘူး..''

''အင်းပါ ထားလိုက်ပါတော့..
မင်းရေချိုးမှာမလား..သွားရေသွားချိုးတော့''
ဟု ပြောရင်းနှင့်ပင် Sehunကိုယ်ပေါ် တင်ထားသော သူ့ရဲ့ လက်ကို ပြန်ရုတ်လိုက်ပီး တဖက်သို့ လှည့်ကာအိပ်နေလိုက်သည်။

Sehunမှာ ထရမလို ပြန်အိပ်ရမလိုနဲ့ ဗျာများပီး
ကျောင်းမှာ tutorialရှိတာ သတိရသွားတယ်။
ကျောင်းနောက်ကျမည်လဲဆိုးသဖြင့် အိပ်ယာပေါ်မှ
သွက်သွက်ထပီး ရေချိုးခန်းထဲပြေးရသည်။

သူရေချိုးခန်းထဲက ထွက်လာတော့ ရှုပ်ပွနေသော
အိပ်ယာမှတပါး Jong Inကို မတွေ့တော့ချေ။

''ဟာ စိတ်ဆိုးသွားပီလားမသိပါဘူး..
သူက နေပါအုံး ဘာကိစ္စနဲ့ စိတ်ဆိုးရတာလဲ...
သိဘူးကွာ... အဲ့ကိစ္စက နောက်မှ..ခုတော့
ကျောင်းအကျီလဲပီး ကျောင်းမြန်မြန်သွားမှ''

Sehunလဲ ကျောင်းအကျီလဲပီး အောက်ထပ်ဆင်းလာတော့ မီးဖိုခန်းထဲမှ ရယ်သံလေးတွေ ထွက်လာတယ်။

''ဟင်.Kim Jong In''

''သား Sehun လာလေ မနက်စာစားမယ်
Jong Inတောင် မေမေနဲ့အတူ မနက်စာစားနေပီ
သားလဲလာစားလေ''

P.R.E.Double.T.Y BoyWhere stories live. Discover now