" Byun Sam! ကျောင်းအုပ်ကြီးက ရုံးခန်း ကို ခဏလာခဲ့ပါတဲ့ "
" Nae.."
ဆရာများအခန်းတွင် ကျောင်းသားတွေရဲ့ report card များ ကြည့်နေတုန်း ဆရာတယောက်က လာပြောသဖြင့် တုံ့ဆိုင်းမှုမရှိ ချက်ချင်း ထွက်လာခဲ့သည်..
ကျောင်းအုပ်ကြီးနှင့် ပထမဆုံး ဒီကျောင်းရောက်သည့်နေ့မှာပဲ နှုတ်ဆက်ဂါရဝပြုသည့်အနေနဲ့ တကြိမ်သာတွေ့ဖူးသည်။
ဒီကျောင်းမှာစာသင်လာတဲ့တလလုံး တခါမှ ထပ်မတွေ့ဖူးခဲ့။
ဘာကိစ္စများရှိလို့လဲမသိ..ရုံးခန်း ရှေ့ ရောက်ပီး တံခါးခေါက်လိုက်တော့ အထဲမှ ဝင်ခဲ့ပါ ပြောလို့ ဝင်သွားလိုက်သည်။
" Byun Sam ရောက်ပီလား..ထိုင်ပါ.."
" Nae.."
" ကလေးတွေကို စာသင်ပေးရတာ အဆင်ပြေရဲ့လား Byun Sam! ကျနော်လည်း အလုပ်တွေများနေတာနဲ့ Samနဲ့တောင် သေချာစကားမပြောရသေးဘူး "
" Nae..အရမ်းအဆင်ပြေပါတယ်။ ကလေးတွေက လိမ္မာကြပါတယ် ^_^ "
" အေးဗျာ..အဆင်ပြေတယ်ဆိုမှ အခန်းပြောင်းရလိမ့်မယ်ဗျ.."
" Nae??? O_o "
>>>>>>>>
" အေးးး ငါပြောချင်တာက အဲ့လိုမဟုတ်ဘူးဆိုတာကို မင်းဘာလို့ သဘောမပေါက်နိုင်တာလဲ Luhanရယ်! "
" ဟာ!! မင်းပြောတာ အဲ့လိုသဘောကြီးမှန်းသိသာနေတာကို! မင်းဘာသာမင်း သဘောပေါက်စမ်းပါ သိုးပေါက်ရာ.."
စလာပါပီ။ ကျန်းရီရှင်း နဲ့ ရှောင်လုဟန် တို့ရဲ့ စကားနိုင်လုပွဲကြီး၊ ကျပမ်းစကားပြောပြိုင်ပွဲကြီးလေ :3 နားချိန်လေး နည်းနည်းမရလိုက်နဲ့..ပေါက်ပေါက်ဖောက်ပီးငြင်းခုံမယ်ဆိုတာချည်းပဲ! လေတယ်..
" Chanyeol ya! ဒီသိုးပေါက်ကို မင်းလည်းကူပြောပေးစမ်းကွာ! မဟုတ်တာကို အသည်းအသန် ငြင်းနေတယ်.."
