Part - 17

3.5K 373 8
                                        

" Channn... ထတော့။ "

နိုးနေတာ ကြာပီဖြစ်သော်လည်း လာမနှိုးမချင်း မထဘဲ ပေကပ်နေတဲ့ ကောင်လေးကို Baekhyun နှိုးလိုက်ရပါသည်။

" popo ပေး ~ "

မျက်လုံးလည်းမဖွင့်သေး ၊ ခန္ဓာကိုယ်​ ကို လည်း ပက်လက်လှဲနေရာမှ မထသေးဘဲ Chanyeol နှုတ်ခမ်းစူထားသည်။

" Aish!! ညစ်ပတ်လေး~ 😘"

ကလေးဆိုး ရဲ့ နှုတ်ခမ်းထူထူလေးကို သူ့နှုတ်ခမ်းပါးလေးနဲ့ စက္ကန့်မျှ ထိကပ်ပေးလိုက်သည်။
အဲ့ဒီတော့မှ ကျေကျေနပ်နပ်နဲ့ ရေချိုးခန်းထဲ ဝင်သွားရှာသည့် ကိုယ်တော်လေး ပတ်ချန်း~

" coffee? coffee? Where's coffee?  "

" coffee မသောက်ရဘူးလို့ ပြောထားတယ်လေ။ မတော် စာ​မေးပွဲ ဖြေနေတုန်း ရင်တွေဘာတွေ တုန်နေမှဖြင့်~ Andwe!! Andwe !!! "

" ဟွန်းးးး... အဲ့ ကော်ဖီ အရင်က စာ​မေးပွဲ ဖြေခါနီးတုန်းက သူပဲလာတိုက်ပီးတော့။ ခုကျမှ -.- "

" ဟေးးးး အရင်နဲ့အခုနဲ့ မတူဘူး။ စားစရာရှိ မြန်မြန်စား! ပီးရင် ကျောင်းကို ကားနဲ့ပဲ သွားရမယ်။ နောက်ကျနေပီ.."

အဲ့လိုပြောလိုက်တော့မှ ပေါင်မုန့်ချပ်တွေ အတင်း ပါးစပ်ထဲ ထိုးထည့် ၊ ကွေကာတွေ အတင်းမျိုချဖြင့် ရွဲ့နေသောကောင်လေးကို Baekhyun ပြုံးကြည့်မိသည်။
နောက်ဆုံးစာမေးပွဲကြီး ၊ သူတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု ။
Chanyeol ရဲ့ မိဘနှစ်ပါးကို သွားတွေ့ပီး တောင်းဆိုထားရသည်လေ။

Chann.. သူ စာ​မေးပွဲ အတွင်း ဘာ စိတ်အနှောင့်အယှက် မှ မရှိဘဲ အေးဆေးစွာ ဖြေဆိုနိုင်ဖို့။ အဲ့ဒါကြောင့် စာ​မေးပွဲ မဖြေခင် သုံးရက်လောက် အလိုတည်းက သူ့အိမ်ရောက်လာခဲ့သော ကောင်လေး။

" သွားပီ!!! 😒 "

ကော်ဖီ မသောက်ရလို့ စိတ်ကောက်နေတဲ့ ကလေးက ကျောင်းဝင်းအတွင်း ရောက်ရောက်ချင်း ကားပေါ်ကဆင်းဖို့ပြင်သည်။

" နေဦး.. 😚 သေချာဖြေလာခဲ့နော် ! "

အနမ်းတစ်ပွင့်နဲ့ ချော့လိုက်ချိန်မှာတော့ ကောင်လေးမျက်နှာက မိုးထိပန်းလို လန်းသွားလေသည်။

Baby Park & Teacher ByunDonde viven las historias. Descúbrelo ahora