" ကြာလိုက်တာ..hyungရယ်! စောင့်နေတာကြာပီ သိလား! 😄 "
နှင်းငွေ့ဝေဝေသီနေတဲ့ နံနက်ခင်း~ သူ ကျောင်းသွားဖို့ပြင်ဆင်ပီး အိမ်ရှေ့ကို အထွက်~ စက်ဘီးကို မတ်တပ်ရပ်လေး ခွထားရင်း ပြုံးနေတဲ့ ကောင်လေး~
" Channie~ ဘာလုပ်နေတာလဲ! "
" hyung ကို ကျောင်းသွားဖို့ လာခေါ်တာလေ..မြန်မြန်လာ။ ကျနော်စောင့်နေတာ နည်းနည်းကြာပီ! အေးတယ်ဗျ.."
" ရောက်နေရင်လည်း အိမ်ထဲဝင်လာလေ..မဟုတ်ရင်လည်း ဖုန်းလှမ်းဆက်တာ မဟုတ်ဘူး! "
သူ့လက်တို့က အအေးဓာတ်သိရှိစေရန် ကောင်လေးရဲ့ နားရွက်ဖျားလေးတွေကို စမ်းမိသွားသည်။ ပီးတော့ လက်ထဲမှာ ဆုပ်ကိုင်လာတဲ့ ကားသော့ကို ဘောင်းဘီအိတ်ထဲ မသိမသာထည့်လိုက်ပီး
" နောက်မှာထိုင်! "
" ဟင်..hyung နင်းမလို့လား။ မဖြစ်ဘူးထင်တယ်..ကျနော်က အရပ်ရှည်တော့ ခြေချောင်းတွေလည်းရှည်တယ်။ ကျနော့်ခြေထောက်တွေ တရွတ်တိုက်သွားလိမ့်မယ် 😁 "
" အင်း..အဲ့ဒါ ငါ့ကို အရပ်ပုတယ်ဆိုပီး နှိပ်ကွပ်တာပေါ့ Park Chanyeol ssi 😠 အဲ့ဒါဆိုလည်း ပီးတာပဲ..နောက်မှာပဲ အေးဆေးလိုက်စီးတော့ သက်သာတာပေါ့ 😏 "
" စိတ်မဆိုးပါနဲ့။ hyung ရယ်...ဒီနေ့ နှင်းတွေ တော်တော်ကျတော့ ကျောင်းနားက ချယ်ရီပင်ကြီးက ချယ်ရီပန်းကြွေတွေနဲ့ သိပ်လှတာလေ..အဲ့ဒါ hyung ကို ပြချင်လို့ စက်ဘီး နဲ့ လာခေါ်တာ 😄 "
" အင်းပါ..အင်းပါ။ အချိန်ရသေးတယ်မလား ဖြေးဖြေးလေးပဲ နင်းနော် "
" Nae!! "
ခါးလေးကို ကိုင်ထားတယ်ဆိုရုံ ဖွဖွလေး ထိထားပီး Channie ကိုယ်သင်းနံ့လေး အနောက်က ရှုရှိုက်နေရတာ ရင်ခုန်လာသလိုလို...
လှပတဲ့ ပတ်ဝန်းကျင်ကြောင့်လား! လေပြေရဲ့ သွေးဆောင်မှုလား မပြောတတ်။>>>>>>>>
" Byun Baekhyun! နင် ဘယ်တုန်းက ခံဝန်ထိုးလိုက်ရတာလဲ!! ငါ့ကိုပြော...အဲ့ကျောင်းသားက ဘယ်လောက်ကြီးကျယ်မြင့်မြတ်နေလို့ နင့်ကို ဖိအားပေးခံရတာလဲ! ဟဲ့..ငါမေးနေတယ်လေ! "
