အဖွဲ့အစည်းတခုခုက နှုတ်ထွက်လာတဲ့သူတွေဆို (များသောအားဖြင့် Dramaများထဲမှာ ) စက္ကူပုံးလေးပိုက်လို့ လွမ်းဆွေးဟန်လေးတွေ နဲ့ scene တခုကို လှပစွာ ဖန်တီးကြမည်လေ..
တကယ့်လက်တွေ့မှာတော့ ကျနော်ဟာ နှုတ်ထွက်လာခဲ့တဲ့ ထိုကျောင်းကြီးကို မျက်လုံးနဲ့တောင် ပြန်မကြည့်ရဲတော့တဲ့အဖြစ်။
ကျနော့်စားပွဲပေါ်မှာကျန်ခဲ့တဲ့ပစ္စည်းတို့ကို ဘယ်လိုမျက်နှာမျိုးနဲ့ သွားပြန်ယူရမည်လဲ..
မျက်နှာဆိုမှ နားရွက်ကားကားလေးနဲ့ကောင်လေး ကို သွားပီးသတိရမိသား..သူ့ကိုတောင် မနှုတ်ဆက်ခဲ့ရဘူးပဲ။
ဆရာတယောက်ကို လေးစားကြောက်ရွံ့လို့ နေရမယ့်အစား အသက်သိပ်မကွာပါဘူးဆိုကာ အတင်းရင်းနှီးချင်နေတဲ့ကောင်လေး!
" Sam " ဆိုတာထက် " hyung " လို့ ခေါ်ချင်နေတဲ့ကောင်လေး!
ရိုးသားဖြူစင်ပီး နားရွက်ကားကားလေး၊ အပြုံးချိုချိုလေးတွေပြုံးရင်း အူကြောင်ကြား လုပ်တတ်တဲ့ ကောင်လေး!
" ဟဲ့! Baekhyun..နင်က ငါတို့ကျောင်းက ထွက်ရတာကို အဲ့လောက်တောင်ပျော်နေမှန်း ငါမသိခဲ့ဘူး ကျမ်! ပြုံးနေလိုက်တာများဖြီးလို့.."
" Anneyeong! Sam :) "
ရင်းနှီးနေတဲ့အသံနှစ်သံနဲ့အတူ အနားရောက်လာတဲ့ Dara Sunbae နဲ့ Chanyeol..
Chanyeolရယ်..မင်းအကြောင်းတွေးနေတုန်း အနားရောက်လာရသလား ( shy )
" Park Chanyeol က ကျောင်းမတက်ဘူးလား! "
" အမလေးဟဲ့! စီနီယာအရင်းကြီးကို ဘေးထားပီး မနေ့တနေ့ကမှတွေ့တဲ့ တပည့်ကို အကဲပိုနေရသလား.."
" အာ..မဟုတ်ပါဘူး..Sunbaeရဲ့.."
" ဘာမှပြောမနေနဲ့တော့! ခုချက်ချင်း ကျောင်းကိုပြန်လိုက်ခဲ့တော့..ဒါပဲ။ နင့်ထွက်စာကို ကျောင်းအုပ်ကြီးက လက်မခံဘူးတဲ့..နင့်တပည့်တွေ အထူးသဖြင့် ငါ့ရဲ့တူတကောင်လုံးခေါင်းဆောင်လုပ်ပီး ကျောင်းအုပ်ကို ဆန္ဒပြတောင်းဆိုကြလို့.."
