°• ဟောဟဲ..ဟောဟဲ •°
ဆူညံပွက်လောရိုက်နေတဲ့ club ဆိုတဲ့ နေရာက သူ့နောက်က သရဲလိုက်သလို ပြေးထွက်လာခဲ့ပီး အပြင်ကို ရောက်လာတဲ့အချိန်မှာ ဆေးလိပ်သောက်တဲ့သူ ဖြစ်တာကြောင့် အမောမခံနိုင်ဖြစ်ရတယ်။
အဲ့ဒီ club ဆိုတဲ့ နေရာကို ဆရာတယောက်ပီပီ မကြိုက်မနှစ်သက်။အဲ့ဒါကြောင့် ငရဲခန်း ရောက်သွားသလို အမြန်ပြေးထွက်လာပီးနောက် သူ့လက်ထဲ ဖုန်းလေးတလုံး ပါလာလေရဲ့။ သူ့ဖုန်းတော့ မဟုတ်။ Channie ရဲ့ ဖုန်း။ ဒီ club ကို လာတဲ့ ဂျလေဘီ တယောက်က ခိုးယူခဲ့ခြင်းသာ~
" မောလိုက်တာ..Channie ရယ်! ဘယ်တွေလျှောက်သွားနေလို့ ဖုန်းတောင်အခိုးခံရလဲမသိဘူး.."
အနားမှာ မရှိတဲ့သူကို တိုင်တည်ပီး တယောက်တည်း စကားပြောလိုက်ရင်း~
* One & Only Byun *
အလျင်အမြန် သူ့လက်တွေကို လှုပ်ရှားလိုက်တော့ password မခံထားတဲ့ screen ပေါ် သူ့ရဲ့ snapshot ပုံလေး။
Contact ကို ဝင်ကြည့်လိုက်တော့လည်း တကယ်ပဲ One & Only Byun လို့ မှတ်ထားတာ။
Gallery ရောက်ပြန်တော့လည်း ထောင်သောင်းချီတဲ့ သူ့ရဲ့ snapshot photoတွေ။" 😱 ဘယ်လိုဖြစ်လို့ ငါ့ပုံတွေနဲ့ contact က ? ဘာတွေ.."
Gallery က အထွက် ဘေးက Notes ဆိုတဲ့ iconလေးကို နှိပ်အမိ မသေချာတဲ့ သူ့အတွေးတွေ တိကျသွားတယ်..
- ချစ်နေပီထင်တယ် hyung 😍 ( arnyi ) One & Only Byun 😘
>>>>>>>>
မှောင်စပျိုးလာပီး လူမရှိလို့ တံခါးဖွင့်ပေးမယ့်သူ မရှိတဲ့ အိမ်ရှေ့မှာ သူဟာ အေးလွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်နေတယ်။
အိမ်မှာ အဆူခံရလို့ ရောက်ရာပေါက်ရာ အပြင်ထွက်လာပီး ဖုန်းတလုံးသာ ပါသွားတဲ့သူ့မှာ ဖုန်းက အခိုးခံလိုက်ရသေး 😂အိမ်ကိုလည်း မပြန်ချင်သေးတာကြောင့် သတိရသူရဲ့ အိမ်ကို သွားတော့ ဟိုက ပြန်မရောက်သေး 😂
