Part - 11

3.8K 461 11
                                        

" သား​လေးရယ်​...​တော်​​သေးတာ​ပေါ့ ဘာမှမဖြစ်​လို့! "

သူ့မျက်​နှာ ဖြူ​ဖျော့​ဖျော့ကို ​မေ​မေ့လက်​တို့ စမ်းသပ်​ကိုင်​တွယ်​လာပီး စိုးရိမ်​တကြီး ဆိုလာ​လေသည်​။
သူက ​ခေါင်း​လေးငုံ့ပီး စိတ်​ထဲကသာ ​တောင်းပန်​​နေမိသည်​။

" ဒီလ​တော့ အမှတ်​​တွေ​လျှော့​တော့မှာပဲ!! Chanyeolရယ်​..နင်​ဟာ​လေ!! "

ဒေါ်​လေးရဲ့ စိတ်​ပျက်​လက်​ပျက်​ ​ရေရွတ်​သံ​ကြောင့်​ သူ ​တော်​​တော်​ကြီး စိတ်​ပျက်​သွားမိသည်​။ ကိုယ့်​ကိုယ်​ကို စိတ်​ပျက်​လွန်းတာ ဒီတကြိမ်​ ပထမဆုံးပါ။
အိပ်​​ရေးပျက်​တာ​တွေ များပီး အားနည်းကာ စာ​မေးပွဲခန်းထဲ ​ရောက်​သွား​ပေမယ့်​ သူ တတ်​နိုင်​သမျှ ကြိုးစား​ဖြေဆိုပီး အိမ်​ကိုပြန်​လာခဲ့တယ်​​လေ..
နောက်​ရက်​​တွေ​တော့ ညဉ့်​နက်​တဲ့ထိ စာမကြည့်​ရ ဟူ​သော အမိန့်​ကို ​ဖေ​ဖေ့ဆီက ရလိုက်​ပီ ဖြစ်​တာ​ကြောင့်​ အဆင့်​ကျပီ ဆို​သော အသိနဲ့ ကိုယ့်​ကိုယ်​ကို စိတ်​ပျက်​လွန်း​နေမိသည်​။
အေး​လေ..ကိုယ်​ဖြစ်​ကိုယ်​ခံ​ပေါ့ 😏 သူမှ စာမကြည့်​ခဲ့ပဲကို!!

>>>>>>>>>>

" Chanyeol ah! ငါတို့ ​လျှောက်​လည်​ကြရ​အောင်​!! 😃 "

စာ​မေးပွဲခန်းထဲက အထွက်​  ပြုံး​ပျော်​​နေတဲ့ Yixing က သူ့ကို​ပြောလာ​လေ​တော့ သူ​ခေါင်းခါပြမိသည်​။ သူများ​တွေက စာ​မေးပွဲ ပီးလို့ ​ပျော်​ရွှင်​​နေကြ​ပေမယ့်​ အ​ခြေအ​နေ မဟန်​တဲ့ သူက​တော့ တ​နေရာရာမှာပဲ တိတ်​တိတ်​​လေး ငိုချင်​မိသည်​။

" သူ မလိုက်​ချင်​လည်း ငါတို့ပဲ သွားကြတာ​ပေါ့ကွာ! သူ့မှာ သင်​တန်း​တွေဘာ​တွေ ရှိ​သေးတယ်​နဲ့တူတယ်​ "

Luhan က Yixing ပခုံးကိုဖက်​ပီး ​ပြောလိုက်​တာ​ကြောင့်​ သူဘာမှမ​ပြော​တော့ပဲ သူငယ်​ချင်း​တွေနဲ့ ​ကျောခိုင်းလာမိသည်​။

" Park Chanyeol! သူ တကယ်​ပဲ ဘာဖြစ်​​နေတာလဲ!! "

တအံ့တသြ​ရေရွတ်​လိုက်​တဲ့ Yixing ကို သူလည်းဘာမှမသိပါဘူး ဆိုတဲ့ ပုံစံနဲ့ Luhan ​ခေါင်းအသာယမ်းလိုက်​သည်​။

Baby Park & Teacher ByunDonde viven las historias. Descúbrelo ahora