" ဒီလအတွက် သင်ရိုးတွေတော့ ကုန်သွားပါပီ! အဲ့ဒါ Sam အတန်းဝင်ဖို့ လေးရက်ရှိသေးတယ် ဒီလအတွက်လေ။ အဲ့ဒါပီးရင် မင်းတို့စာမေးပွဲမလား !! "
" Nae !!! "
" အဲ့ဒီတော့ ကျန်တဲ့လေးရက်ကို Sam အတန်းမဝင်တော့ဘူး..မင်းတို့နားရအောင်လို့။ မသိတဲ့စာရှိရင်တော့ ဆရာများအခန်းကို လာမေးလို့ရတယ်..အဲ့ဒီမှာပဲရှိမယ်..ဘယ်လိုလဲ! အဆင်ပြေကြလား !! "
" Nae !!!!! "
hyung ရဲ့ အပြောကြောင့် အကုန်လုံး ရွှင်မြူးဝမ်းသာသွားကြပေမယ့် မပျော်နိုင်သူမှာ ကျနော်တယောက်တည်း။
ဒီအတိုင်းလေး hyung ကို မြင်တွေ့ရတာကို ဘာနဲ့မှ မလဲနိုင်အောင် ကြည်နူးမိတာ..
ဖွင့်ပြောချင်ပေမယ့် နှုတ်မရဲဘဲ hyung စိတ်ဆိုးသွားမှာကို ကြောက်မိတာ..
ယောကျာ်းအချင်းချင်းကြိုက်တဲ့ကောင် ဆိုပီး အထင်သေး၊အမြင်သေး နဲ့ ရွံ့ရှာသွားမှာကို ကြောက်မိတာ..ခုတော့ စာသင်ခန်းထဲ မျက်နှာလေး ခိုးကြည့်ဖို့တောင် အခွင့်အရေးမရှိတော့။ လေးရက်ကြီးများတောင် 😒
ဘယ်ရမလဲ! တနေ့တမျိုး မရိုးအောင် နေ့တိုင်းစာသွားမေးရမယ် ဟိဟိ 😂တယောက်တည်း ငူငိုင်လိုက်၊ ပြုံးဖြီးသွားလိုက် ဖြစ်နေတဲ့ Chanyeol ကို ကြည့်ရင်း သူ့သူငယ်ချင်းတွေ ခေါင်းယမ်းသွားကြသည်။
>>>>>>>>>
" Baekhyun Sam! အလုပ်တွေများနေလား "
စကားလည်းပြောရင်း သူအလုပ်လုပ်နေတဲ့ စားပွဲပေါ်သို့ ကော်ဖီဘူးလေး တင်ပေးလာသူက Dara Sunbae! ဒုကျောင်းအုပ်ပေါ့..
" Nae..Sunbae! နောက်လအတွက် သင်ရိုးတွေကြည့်နေတာပါ..ဒီလအတွက်က ပီးသွားပီလေ.."
သူက ပြောလည်းပြောရင်း အနီးအနား က ခုံတခုံကို Sunbae ထိုင်ဖို့ ဆွဲယူပေးလိုက်သည်။
" ဟုတ်လား..Baekhyun က တော်လိုက်တာ..ကျောင်းသားတွေနဲ့ အဆင်ပြေတယ်မလား "
