* တီ~~တီ~~တီ *
နှိုးစက်မြည်သံ တတီတီက အိပ်လို့အကောင်းဆုံး နံနက်အစောဆုံးအချိန်ရဲ့ အဖျက်အဆီးပါပဲ။
ဒီလိုပဲ...နေ့တနေ့ကို ဖန်တီးအစပြုဖို့ နှိုးစက်ကိုပိတ်ပီး ကျနော် အိပ်ရာက ထရပြန်ပီပေါ့~
ကျောင်းပိတ်ရက်ဆိုရင်တော့ ကျနော် နှိုးစက်ပိတ်ပီး ပြန်အိပ်တာပေါ့~
ထုံးစံအတိုင်း သွားတိုက်တံကို ပါးစပ်မှာတပ်ပီး ခပ်မြူးမြူးတေးသံတပုဒ် ဖွင့်ပီးချိန်ဆို နာရီကြည့်နေစရာမလိုဘူး~ အဲ့ဒါ 6:03 AM!
သုံးမိနစ်စာ တေးသွားတပုဒ်ပီးဆုံးသွားတဲ့အချိန်မှာတော့ ကျနော် ကိုယ်လက်သန့်စင်ပီးသွားပီ~
* ချောက် *
ရပီ။ တပုဒ်တည်းဆိုလုံလောက်တယ်။ ငြိမ့်ညောင်းသာယာတဲ့ classic music မဟုတ်တဲ့ Rock music ခပ်ပြင်းပြင်းက နံနက်ခင်း အိပ်ရာထတဲ့အချိန်မှာ တပုဒ်ဆို လုံလောက်တယ်လေ~ မဟုတ်ရင် ခေါင်းကိုက်တယ်
ပေါင်မုန့်နှစ်ချပ်၊သုံးချပ်ကို ပေါင်မုန့်မီးကင်စက်ထဲ ထည့်လိုက်ပီး စက်ဖျော်ကော်ဖီတခွက်ကို စက်ကထုတ်လိုက်တယ်~
ရပီ! ကျနော့်နံနက်စာပြင်ဆင်မှု ပီးပီ~
* တီးတောင် *
စောစောစီးစီး ဘယ်သူပါလိမ့်~
စက်ထဲက ထုတ်လိုက်တဲ့ ပူပူနွေးနွေး ပေါင်မုန့်တချပ်ကို ပါးစပ်မှာကိုက်ပီး တံခါးဖွင့်လိုက်တော့ တင်းမာခက်ထန်နေတဲ့ မျက်နှာထားနဲ့ ကျနော့်ကို စိုက်ကြည့်နေတဲ့သူမ...
" Byun Baekhyun! မင်း တယောက်တည်း လွတ်လွတ်လပ်လပ်နေချင်တယ်ဆိုတာ ဒီလိုဖြစ်ချင်တိုင်းဖြစ် နေဖို့လား "
သူမပါးစပ်က ဒေါသသံခက်ထန်နေတဲ့ အသံလှိုင်းတခုထွက်လာတော့ ကျနော့်ပါးစပ်က ပေါင်မုန့်လေးလည်း ကြမ်းပြင်ပေါ် အလိုလိုပြုတ်ကျသွားပီး သူမကိုအထိတ်တလန့်ခေါ်လိုက်မိတယ်။