" Baek.. ကိုယ် ဗိုက်ဆာတယ်! "
" အဲ့ဒါဆို ငါနဲ့ ဘာလို့လိုက်လာလဲ! အိမ်မြန်မြန်ပြန်လေ.."
" ကိုယ်က Baek နဲ့ တွေ့ချင်သေးတာကိုး.."
ကျောင်းဆင်းတာနဲ့ သူ့အိမ်ကို တန်းလိုက်လာမိတဲ့ကျနော်။
ဒီနေ့မှ သူဘာဖြစ်နေတယ်မသိ.. ကျနော့်ကို သိပ်စိတ်မကြည်သလိုပဲ 😞" Aigoo.. ရုပ်က စူပုတ်နေတယ်။ ဘာစားချင်လဲ..ဆိုင်မှာသွားစားကြမယ်လေ။ မြန်မြန်ပြန်လာမှရမယ်နော်..နက်ဖြန် အမှတ်စာရင်းတွေ ထုတ်ရမှာမို့ အမှတ်ခြစ်စရာတွေများ.."
" ပြွတ်စ် 😘 "
" စကားတွေများတော့ မောနေမှာစိုးလို့် 😁 ရတယ်..ကိုယ် အိမ်မှာရှိတာပဲ စားလိုက်မယ် "
နှုတ်ခမ်းလေးကို ထိတယ်ဆိုရုံလေး နမ်းလိုက်ပီး သူ့ရေခဲသေတ္တာဆီ လက်လှမ်းလိုက်တဲ့ကျနော်..
" ဟင်းဟင်း.. Park Chanyeol ရဲ့ ပါးစပ်ပိတ်တဲ့နည်း က သိပ်ကောင်းပဲနော် 😏 "
" Baek ကြိုက်တယ်မလား.. အ့ဆို ပီးရင် ထပ်ပေးမယ်နော် 😜 ဟားဟား..
Omo!! Baek စားစရာတွေ အများကြီးပါလား။ ကင်မ်ချီဗူးတွေလည်း အထပ်လိုက်.."Baek ကို လှည့်ကြည့်ပီး ပြောလိုက်တော့ သူက ပခုံးလေး အသာတွန့်ပြလေသည်။
" စားလေ..ကုန်သလောက်စား! ငါ တစ်ယောက်တည်း စားရတာ မကုန်လို့ လွှင့်ပစ်ရတာတွေများ.."
" Byun Baekhyun Sam!!!! "
စူးစူးနင့်နင့်အော်လိုက်သံကြောင့် Baekhyun သူ့အနား အလျင်အမြန် ပြေးသွားလိုက်သည်။
တစ်ခုခုတော့ တစ်ခုခုပါပဲ..
သူ့အနားရောက်တော့ အကြည့်က လူကို ပြာကျမတတ်။
ကြက်သွန်ကင်မ်ချီဗူးလေး ကိုင်ပီး ဒေါသငွေ့တွေ လွှမ်းခြုံတဲ့အကြည့်နဲ့ ကောင်လေး။" ဒါက ဘာလဲ..ဘာလဲလို့!! ဟမ်!!!
ကင်မ်ချီတစ်လုတ်စားတိုင်း မီယောင်းကို သတိရပေးပါ..တဲ့ ဟုတ်လား!!!! ဂျင်မီယောင်း မလား.. အဲ့ဒါ! တန်းခွဲ ( C ) က စပ်စလူး queenမ ဟုတ်တယ်မလား!!! 😡 "ဟိုက်..သွားပီ! အဲ့ကလေးမ ဆရာစားဖို့ဆိုပီး လာပေးလို့ ငြင်းရခက်တာနဲ့ ယူထားလိုက်တာ။
လက်ကမြင်းထားမှန်းမသိလိုက်။
ခုကျမှ ကင်မ်ချီဗူးပေါ်မှာ ကပ်ထားတဲ့ sticky note နဲ့ ရေးထားတဲ့ စာကြောင်းအပေါ် ဒေါသကြီးနေတဲ့ချစ်သူကြောင့် သွားဖြီးပြလိုက်သည်။
