" Chanyeol ah! မင်း ခုတလော ဘာတွေဖြစ်နေတာလဲ မင်းကိုကြည့်ရတာ တမျိုးပဲ.."
" မင်းနဲ့ Byun Sam နဲ့ ဘယ်လိုပက်သက်တာလဲ! "
ထမင်းပန်းကန်ထဲက ထမင်းကို မစားဘဲ တူနဲ့ဟိုဆွဒီဆွ လုပ်နေတဲ့ သူ့ကို Yixing က အရင်မေးလာတော့ Luhan ကပါ အားကျမခံ သူသိချင်တာကို ဝင်မေးလေတယ်..
သူ့မျက်စိထဲ ထမင်းလုံးဖြူဖြူလေးတွေပေါ်မှာ လျှာထုတ်ပြောင်ပြနေတဲ့ hyung။ အသည်းယားလွန်းလို့ ၊ ချစ်ဖို့ကောင်းလွန်းလို့ ပါးလေးကို တူနဲ့တို့လိုက်၊ နှုတ်ခမ်းလေးကို တူနဲ့တို့လိုက်။ ( ကမြင်းနေတာ..😝 )
" ဟိဟိ..😍😍 "
မေးတာလည်း ပြန်မဖြေ၊ သူလုပ်ချင်တာ ဆက်လုပ်နေပီး ဟိခနဲတောင် အသံထွက်လာတဲ့ သူ့ကို Yixing နဲ့ Luhan ဂြိုဟ်ကြည့် ကြည့်နေတာကို သတိမထားမိ။
( ဂြိုဟ်ကြည့်တာတော့ မဖြစ်နိုင်ဘူး တကယ်ဆို သမင်ကြည့် နဲ့ သိုးကြည့် ပဲ ဖြစ်ရမှာ..😜 )Yixingတို့လည်း အရူးထနေဆဲဖြစ်တဲ့ Chanyeol ကို ကြည့်ပီး တယောက်နဲ့တယောက် ပြန်ကြည့်၊ခေါင်းညိတ်ကြတယ်။
ပီးလည်းပီးရော.." Park Chanyeol!!!!!!!! " ( with their high notes 😂 )
>>>>>>>>>
" သားလေး! အိပ်တော့လေ..နံနက် စာမေးပွဲ ဖြေရမှာကို !! စောစောအိပ်လေ..သားရဲ့ "
" ဟုတ်^^ မေမေ..သား ခဏနေကျ အိပ်တော့မှာပါ "
ည ဆယ့်တစ်နာရီ ကျော်နေပီ။ ခုချိန်ထိ သူ့အိပ်ခန်း မီးလင်းနေသေးတာကို မေမေ တွေ့လို့ လာပြောခြင်းဖြစ်မည်။
အရင်ကတော့ တနေ့စာတနေ့ မှန်မှန်လုပ်တတ်တဲ့ Park Chanyeol ဆိုတဲ့သူက အကျင့်တွေပျက်နေတာကြာပီ။
hyung နဲ့ တွေ့ပီးတည်းက အဲ့လိုဖြစ်နေတာလည်း ကိုယ့်ကိုယ်ကို သတိထားမိသည်။ဆယ်ကျော်သက်အရွယ် သူ့အတွက် ခုမှ တွေ့ရှိထားတဲ့ ရန်ခုန်သံ ကို ကြိုးစားထိန်းချုပ်ပေမယ့်လည်း မရ။
ရူးရူးမူးမူး စွဲလမ်းနေမိတဲ့ hyung အကြောင်းသာ အမြဲ ခေါင်းထဲမှာအပြည့်။
