Part - 15

4.5K 451 17
                                    

" Baek..Baekhyunna! တောင်းပန်ပါတယ်..ငါ မသိလို့ပါ။ နင် အဲ့ကလေးကို အဲ့လောက်အလေးထားမှန်း..ငါ ငါ့ကို ခွင့်လွှတ်ပါ..ငါ..မ..မှား သွား ပါ တယ် "

နောက်ဆုံး အဆုံးသတ် စကားလုံးမှာ အဖျားခတ်တုန်ယင်သွားပီး အဲ့စကားလုံးလေး ထွက်လာဖို့ တုန်လှုပ်နေတဲ့ သူမ။

" မာန်တက်နေတဲ့မိန်းမ! "

ခေါင်းငုံ့တောင်းပန်နေတဲ့ သူမကို ခွင့်လွှတ်ဖို့ဝေးလို့..သူမကို အေးစက်စက် စိုက်ကြည့်ရင်း သူ့ပါးစပ်​က ထွက်ကျလာတဲ့ စကားသံက သူမအတွက် အဆိပ်ဖြစ်စေတယ်။

" နင်ဟာ ဘယ်လိုအသိဥာဏ်၊ဘယ်လိုဦးနှောက်မျိုးမှ မရှိတာလဲ..နင် အသိဥာဏ်ရှိမယ်ဆိုရင်..တောက်!!! "

ခွင့်လွှတ်ဖို့ တောင်းပန်နေတာကို စိတ်မပြေတဲ့အပြင် ပြောရင်းပြောရင်း ဒေါသတကြီးဖြစ်လာတဲ့သူ့ကြောင့် သူမ အထိတ်တလန့် နောက်ဆုတ်လိုက်မိတယ်..

" Baekhyun..နင်!! "

" သူ့ရဲ့ ပါးတစ်ချက်တန်ဖိုးက နင့်ပါးစပ်က ​ပေါ့ပျက်​ပျက်​ ထွက်လာတဲ့ တောင်းပန်စကားအောက်မှာ ကြေပျက်သွားလိမ့်မယ်လို့ ထင်နေတာလား..ဟက်!!
အဲ့လောက်မလွယ်ဘူး။ နင်ပေးဆပ်ရမယ်..Channie ရဲ့ ပါးတစ်ချက်တန်ဖိုးအတွက်.."

" နင် ငါ့ကိုရိုက်ချင်နေတာလား..ရိုက်လိုက်။ ငါကျေနပ်တယ်..နင်အဲ့လိုလုပ်မှ စိတ်ပြေနိုင်မယ်ဆိုရင်.."

မျက်လုံးစုံမှိတ်ပီး သူမပါးကို ရိုက်ဖို့အသင့် ထိုးပေးလိုက်တာမို့ သူ အသာရယ်မောမိသွားတယ်~

" ကိစ္စက အဲ့လောက်ရိုးရှင်းမယ် ထင်နေလား..မာန်တက်နေတဲ့မိန်းမ!! "

သူ့စကားကြောင့် သူမ မျက်လုံးတွေ အံ့သြခြင်း အစုံနဲ့ ပွင့်လာတယ်။

" နင် ငါနဲ့ ဘယ်တော့မှ မပက်သက်နဲ့! ငါ့မိသားစုနဲ့လည်း ပက်သက်စရာမလိုဘူး..အဲ့ဒါ နင့်​အတွက်​ ပြစ်ဒဏ်ပဲ။ နင် ငါ့အပေါ်မှာ ထားတဲ့စိတ်ကိုလည်း ငါသိတာမို့လို့ အဲ့ဒါ နင့်​အတွက်​ ကြီးမားတဲ့ ပြစ်ဒဏ်ဖြစ်မှာ..အဲ့ဒါကြောင့်မို့လို့ နင် ငါ့ကို ယုတ်​မာတယ်​ ထင်ထင်၊ ယောကျာ်းကောင်း မဟုတ်​ဘူး လို့ ထင်ထင် ဂရုစိုက်မှာမဟုတ်ဘူးဆိုတာလည်း သိထားပါ..ဟက်!!! "

Baby Park & Teacher ByunOù les histoires vivent. Découvrez maintenant