""နာမည်က--""
မမချိုမေးပုံကအလုပ်လာလျှောက်သူကို
Interviewနေသလိုလို။ထုံးစံအတိုင်းကျတော့်
တို့နှစ်ယောက်အားနေ့လည်စာ လာကျွေးချိန်
ထမင်းစားခန်းထဲ ကိုဇက်က မမချိုအားတိုင်
ပင်အသိပေးလာသည်။""စောမဟာဦး""တဲ့။
""အော်~~~""
""မမချိုသိလား?""
""ဟင့်အင်း။မသိပါဘူး""
မမချိုဆက်မမေးတော့ပါပဲနဲ့ကိုဇက်ကဆက်လက်
ရှင်းလင်းတင်ပြသည်""မမချိုနဲ့ရွယ်တူပဲ။နယ်ပယ်ချင်းကတော့ အလှမ်း
ဝေးတယ်။သူက S'pore PolyကနေArchiနဲ့
ကျောင်းပြီးလာတာ။ကြားသတင်းတွေအရတော့
မာနကြီးတယ်တဲ့""""ဖြစ်သင့်ပါတယ်လေ""ဟု လေသံအေးအေး
နှင့်ပြောသောမမချိုကိုကောင်းကောင်းငေးကြည့်
မိသည်။အမှန်တော့မမချိုသည်လည်း မဟာကဲ့သို့အခြေ
ကြီးကြီးနေမယ်ဆို နေနိုင်သူတစ်ယောက်ပါ။
ဖခင်ကBKမှာမြန်မာသံရုံးအရာရှိ။မိခင်က BK
ပုဂ္ဂိကဆေးရုံတစ်ခုမှာ surgeon။ကိုယ်တိုင်က
လည်းထက်မြက်သူဟူ၍အသိုင်းအဝိုင်းတွင်နာ
မည်ကြီးရုံသာမက တက္ကသိုလ်ကိုကိုယ့်အားကိုယ်
ကိုးပြီးတက်လာခဲ့သူ။နာမည်ကြီးFashion Brandတစ်ခုကိုဦးဆောင်ထုတ်လုပ်နေသူပြောမယ်ဆိုမမချိုကကျတော့်Role Modelပဲ။
ကိုယ့်ချစ်သူကိုRMအဖြစ်ထား,ထားတဲ့လူဆိုလို့
ကျတော်ပဲရှိမယ်ထင်ပါရဲ့။""မောင်ရော~~မဟာ့ကိုဘယ်လိုမြင်လဲ?""
ကိုဇက်ပြောပြနေသည်များကိုနားထောင်နေရာမှ
အတွေးရေကန်ထဲရေစိမ်နေသောကျတော်အမြင်အားတခုတ်တယလှမ်းမေးပါသေး၏""မိန်းမလှတစ်ယောက်ပေါ့။အဓိက,ကတော့ဘေး
လူဖြစ်တဲ့ကျတော့်အမြင်ထက် ကိုဇက်အမြင်က
သာအရေးကြီးတာ။ကျတော်ကဘေးမှာ
ဒီအတိုင်းရပ်ကြည့်---""""ညီ!!""
""yah~~~ဘာလို့ထအော်တာလဲZရယ်။ဒါလေး
ပြောတာကိုအဲ့လောက်အော်ရလား?""မမချိုက ဆူသလိုပြောနေပေမယ့်ကျတော်က
တော့မျက်လုံးတွေပြူးနေသလို လန့်သွားတယ်
ဆိုတာကိုလည်းဝန်မခံချင်ပဲဝန်ခံရမည်