ပုံမှန်ဆို ခုလိုAlter Shirtအဖြူတွေဝတ်
လေ့မရှိ။ကိုဇက်Companyတို့ကျောင်းတို့သွား
တဲ့နေ့တွေဆိုသူဝတ်ထားတာကြည့်ပြီးကိုယ်ဝတ်
ရင်သူ့လောက်Smartဖြစ်ပါ့မလားတွေးပူပြီးမ
ဝတ်ဖြစ်။ခုလိုဝတ်ကြည့်တော့လည်းမဆိုးဘူးဆို
တာထက်ပိုတယ်။Pilotဖေဖေဆီက
Internationalမှီတဲ့အရပ်အမောင်းကခုချိန်
မှများကြီးအကျိုးကျေးဇူးပြုတယ်။ဆံပင်တွေက
ထူထူအုပ်အုပ်ဖြစ်နေ၍ထောင်မရ။ဒါကိုဇက်လုပ်
ထားတာ။အုပ်ဖောင်းဖောင်းဒီဆံပင်ကိုသူထားရင်
မလိုက်မှန်းသိလို့ကျတော့်ကိုအတင်းထားခိုင်းထား
တာ။ဝတ်စားထားတဲ့ဒီဇိုင်းသွားတွေ့ရမယ့်လူရဲ့
အနေအထားကြောင့် ညာဖက်နားတွင်တပ်ထား
သောပလက်တီနမ်နားကွင်းပိစိကို အားနာနာနဲ့
ပဲဗူးထဲထည့်ခဲ့ရတယ်။""မေ့သားကပုံစံတွေဘာတွေပြောင်းနေပါလား""
အိမ်ပေါ်မှဆင်းလာသည်နှင့်မေမေက မလွတ်စေ
ပဲCommentဝင်ရေးသည်။Likeအစားချစ်
်လိုက်တာနော်ဆိုသည့် Emojiနှင့်ကျတော့်ကို
စိုက်ကြည့်နေ၏""ဒီနေ့အလုပ်ကိစ္စတစ်ခုသွားဆွေးနွေးစရာရှိလို့
ပါ။သွားပြီနော်မေမေ""""သားZကိုရောမခေါ်တော့ဘူးလား?""
""ကိုဇက်ညလုံးပေါက်အလုပ်လုပ်ထားရလို့ခု
အိပ်နေတယ်။နိုးလာရင်ဆိုင်ပဲလိုက်လာခဲ့လို့ပြော
ပေးပါအုံး။မေမေဦးကို""""အင်းးပြောပေးထားမယ်။ကားကိုဂရုစိုက်မောင်း
နော်""""Yes My Lady""
မေမေ့ပါးကို ကိုဇက်နမ်းနေကျလိုရွှတ်ခနဲနမ်းပြီး
အိမ်မှထွက်လာလိုက်၏။ကိုဇက်ရှိနေမည့်အခန်း
ကိုမော့ကြည့်တော့ လိုက်ကာတွေချထားဆဲ။
သနားလည်းသနားပါတယ်။အရွယ်နဲ့မလိုက်ယူ
ူထားရတဲ့တာဝန်က။ဒါတောင်သူတို့အဖွဲ့မှာ
နောက်ထပ် အတွေ့အကြုံရင့်software engineerတွေပါသေးလို့။
ဟူးးးးခင်ဗျားစောစောအိုမယ်။
-
-
-
At Mahar Construction Group""ဒီနေ့အတွက်အချိန်ဇယား။ပြီးတော့ ဒါဒီနေ့အ
တွက်ပန်းစည်း""နီနီရဲနေသောနှင်းဆီပန်းဆီကြီးကိုကမ်းပေးရင်း
အတွင်းရေမှူးနှင်းကခပ်ပြုံးပြုံးမျက်နှာထားနှင့်
ဲ့ကြည့်နေ၏။