Epi(22)

82K 6.6K 84
                                    

""လာ မဟာ။""

လက်ကိုဆုပ်ကိုင်လာသော သူ့လက်တွေကရေ
ဆေးထားခါစလို အေးစက်စက်။

""မေမေ ရေ!!မဟာ လာပြီ""

မြန်မာဆန်သောအသားအရည်နဲ့ ခေတ်မီသောအ
ဆင်အပြင်ဆင်ယင်ထားသော အမျိုးသမီးကြီးက
သူနဲ့ရုပ်ချင်းဆင်တင်တင်ရယ်

""သမီးလေးလာလေ။ထိုင် မမ က ရေချိုးနေတုန်း
တီတီကတော့ သားငယ်ရဲ့ တီတီ တီဆွေပါ။လာ
လေ ခဏထိုင်အုံးနော်""

ကြိမ်ကုလားထိုင်များဆင်ယင်ထားသော သူတို့
ဧညိ့ခန်းတွင်မြန်မာဆန်သော အလှဆင်မှုပစ္စည်း
တွေက သူ့နေရာနှင့်သူ။သူတို့အဘွားတွေက အင်းဝနန်းတွင်းထဲကမင်းမှုထမ်းအစုကဆင်းသက်လာသူတွေဟူ၍သူတစ်ခါပြောထားဖူးလေရဲ့။
ရွှေဇီးကွက်လေးတွေ ကိန္ဒရီမောင်နှံကကြိုးဆင်
နေဟန် ရွှေချည်ထိုးပန်းချီကားတွေနှင့် မြန်မာဆန်
လွန်းနေသော သူတို့ဧည့်ခန်းတွင်း ရယ်ရွှင်မြူးနေ
သောကောင်လေးသုံးယောက်ပုံphoto stand
တွေဆီအကြည့်ရောက်တော့ တီဆွေက

""အိမ်မှာ သားနှစ်ယောက်မွေးထားပေမယ့်
့်တကယ်တော့ သုံးယောက်ရှိနေသလိုပဲ။သားငယ်
က သူ့အစ်ကိုထက် ကောင်းလေးနဲ့ပဲအနေနီး
တာ။သူ ဓာတ်ပုံတိုင်းကောင်းလေး ပါတယ်။
ကောင်းလေးမပါတဲ့ပုံဆိုလို့ သူ့မှတ်ပုံတင်တို့ ကျောင်းသားကတ်တို့ပဲရှိတယ်""

ဟုတ်ပါတယ်။ထောင်ထားသမျှ photo stand
တို့တွင် ကောင်းကောင်းနဲ့သူပုံတွေချဉ်းသာ။
သူကအဲ့လိုအပြုံးမျိုးတွေပြုံးတတ်သူလား??သွား
တန်းဖြူဖြူများ ပေါ်သည်အထိလေ။မျက်လုံးတွေ မှေးစင်းသွားတတ်သည်အထိရယ်မောတတ်သည်လား??

""အော် သမီးရောက်နေပြီ။ရေချိုးတာကြာ
သွားတယ်။""

""သမီးလည်းရောက်တာမကြာသေးပါဘူး
မေမေ""

""ကြားထားတဲ့အတိုင်းလှလိုက်တာသမီးရယ်။
မေမေ က သမီးနာမည်လေးကြားတည်းကမြန်
မာဆန်လိုက်တာလေဆိုပြီးသဘောတွေကျနေတာ။သားငယ်ကိုလည်းဘယ်
်တော့ခေါ်လာမှာလည်းဆိုပြီး တမေးတည်းမေး
နေခဲ့ရတာ""

""ဟုတ် ဘွားဘွားပေးထားတဲ့နာမည်ပါ။ဘွားဘွား
တို့ကလည်း အမရပူရဇာတိသူတွေဆိုတော့
မြန်မာဆန်တယ်""

ညီDonde viven las historias. Descúbrelo ahora