""Love sought is good,but given unsought is better""
""အချစ်ဆိုတာကိုရှာဖွေဖော်ထုတ်ရတာကောင်းပါတယ်။
ဒါပေမယ့် တမင်တကာရှာစရာမလိုပဲ ရင်ထဲ
ကအလိုအလျောက်ဖြစ်တည်လာတဲ့ အချစ်ကပို
ကောင်းပါတယ်""
#ညီ>>>>>>>>>>>>>ညီ<<<<<<<<<<<<<
အိနြေ္ဒကြီးသောခြေလှမ်းများဖြင့် လှမ်းဝင်လာသူ
အားအပြုံးဖြင့်နှုတ်ဆက်လိုက်တော့ တည်ငြိမ်
အပြုံးတစ်စ အခန်းလွတ်ထဲဖြန့်ကျဲလိုက်စဉ် ဘာ
ရယ်မဟုတ်တွေ့ဆုံချိန်တိုင်းချစ်ခြင်းပျော်ဝင်နေ
သောအပြုံးလှလှတစ်ခုကိုသတိရသွားသည်။"နေကောင်းမြတ်သူ!စောင့်နေရတာကြာပြီလား"
""မကြာသေးဘူးခင်ဗျ။ခုနလေးမှရောက်တာ""
အနီးကပ်ကြည့်လေ အပြစ်ပြောစရာမရှိအောင်
ချောမောနေသောကောင်လေးကို မဟာနည်းနည်းတော့ရှိန်မိသလိုပဲ။ဖော်ဖော်ရွေရွေ
ပြောဆိုနေသော်ငှား သူ့မျက်လုံးထဲကထက်မြတ်
ခြင်းအသွင်ပုံရိပ်တွေက ထင်ထင်ရှားရှား။
အရောင်နုနုရှပ်အပြာကွက်လေးနှင့်ဂျင်းကိုသာ
ရိုးရိုးရှင်းရှင်းဆင်ယင်ထားသော်လည်းCele
တစ်ယောက်ကဲ့သို့ ထင်းထင်းလင်းလင်းရှိနေတာ
တော့အမှန်။""အခန်းအနေအထားအရ မနေ့ကကျတော်ပြော
တဲ့ပုံစံတွေနဲ့အဆင်ပြေပါ့မလား?""""အင်းးးပြေပါတယ်။ထည့်မယ့်အဝတ်အစားက
လည်းwedding dressတွေဆိုတော့။အနောက်က Colourကအများကြီးအထောက်
အကူပြုမှာပါ""""ဟို တစ်ပတ်အတွင်း ကိစ္စ??""
""ဟုတ်--ဟုတ်ကျမတို့ဖက်ကပြီးအောင်တာဝန်
ယူပေးပါမယ်။နေကောင်းမြတ်သူ""""လောနေလို့အားလည်းနာမိပါတယ်။ဟိုတစ်ခု
တောင်းဆိုပါရစေ။ကျတော့်ကိုတော်တော်များများ
ခေါ်ကြသလို နေကောင်း၊ကောင်းကောင်းဆို
ပြီးခေါ်လို့ရပါတယ်။နာမည်အရင်းကြီးခေါ်တော့
တစ်မျိုးဖြစ်နေလို့""""ဟုတ်ပါပြီ။ကောင်းကောင်းလို့ပဲခေါ်မယ်နော်""
""By the way,မ,တခြားဆွေးနွေးစရာတွေကို
အစ်ကိုတစ်ယောက်နဲ့ပဲဆက်ပြောလို့ရမလားမသိ
ဘူး။ကျတော်ဆိုင်ပြန်ရမှာမို့""
![](https://img.wattpad.com/cover/86940193-288-k611792.jpg)