""ကျတော်ဘာမှ မဖြစ်ပါဘူးဆိုဗျာ""
""ဒီလောက်ပါးတစ်ခြမ်းလုံးနီရဲနေတာတောင်ဘာ
မှမဖြစ်တာလား??""ကျွတ်တစ်ချက်စုတ်ကာမျက်နှာလွှဲနေ၏။ပေတေတေကပ်တတ်တတ်နဲ့။
""သွားဆေးခန်းသွားရမှာကြောက်ရင်အချိုတွေ
မစားနဲ့ပေါ့""""ကားထဲမှာ ဗူးလိုက်ဝယ်ထည့်ပေးထားတာ
ဘယ်သူလဲ?ခုကော ဘယ်သူကကြောက်တယ်
ပြေနေလို့လဲ?""""မကြောက်ရင်သွားမယ်။လာ""
မကြောက်ဘူးဟုသာတွင်တွင်ပြောနေရင်းဆေး
ခန်းရှေ့လည်းရောက်ရော""မသွားဘူး။ဘာမှမဖြစ်ဘူး""ဟူသောဂါထာကို
သာအသံမစဲမန်းမှုတ်တော့၏""ညီ~~ခုကြည့်အုံး။ပါးတစ်ခြမ်းလုံးယောင်နေ
တာ။""""ဆေးသောက်ရင်ပျောက်သွားမှာ""
""မနာပါဘူးကွာ။မနှစ်ကလိုပဲ ဖာလိုက်မယ်လေ"
""နှုတ်မှာကျတော်သိတယ်။""
""ကို Dr.ကိုပြောပေးမယ်။မနှုတ်ဖို့ဟုတ်ပြီလား"
ချော့မော့ပြောဆိုကာအတင်းဆွဲခေါ်တော့ယက်
ကန်ယက်ကန်နဲ့ပါလာရှာတယ်
ငယ်ငယ်လေးတည်းက ချူချာသူမို့ ဆေးထိုးဆေး
သောက်ရမှာမကြောက်တော့သော်လည်း ညီ
သွားဆေးခန်းသွားရမှာတော့ကြောက်တယ်။
အခုလည်းထိုင်စောင့်နေရင်း စိတ်လှုပ်ရှားနေ၍
ဒူးကတလှုပ်လှုပ်။""ဆရာဝန်က မကြမ်းလောက်ပါဘူး။ဒါကလေး
သီးသန့်လေ""""ဘာ!!ကလေးဆေးခန်းကျိခေါ်လာတယ်""
အခုမှပတ်ဝန်းကျင်ကိုသတိထားမိသွားပုံရသည်
ပြုံးစိစိနှင့်ကြည့်နေသောကလေးအမေတစ်စုနှင့်
ကလေးတစ်သိုက်။""ရှက်စရာကြီးကွာ""
ခပ်တိုးတိုးညည်းရင်းဆောင်းလာသောဦးထုပ်ကို
ပိုငိုက်ကျသွားအောင်ဆွဲချနေ၏""ပြန်ရအောင်ဗျာ။နော် ကိုဇက်။နောက်နေ့အားမှ---""
""မရဘူး။နောက်နေ့တွေဆိုညီထမင်းတောင်
ဝါးလို့ရတော့မှာမဟုတ်ဘူး။ခုတောင်နီရဲနေပြီ""
![](https://img.wattpad.com/cover/86940193-288-k611792.jpg)