ညီ့ကို BKသို့ခေါ်သွားကြချိန် ကျတော်ချက်ချင်း
လိုက်မသွားနိုင်။
ညီအတန်တန်မှာခဲ့သလို YGNက ညီလုပ်လက်စ
အလုပ်ကိစ္စတွေကို လွှဲပေးသင့်သူတွေကိုခဏလွှဲ
ပေးထားရသလို ကျတော့်လည်းအလုပ်မှရက်ရှည်
ခွင့်ယူရတော့သည်။
ကျတော်တို့နှစ်ယောက်၏အဖြစ်သည်လည်း
တစ်နိုင်ငံလုံးမသိသူမရှိလောက်အောင်ပင်--
ခုချိန်ချီးကျူးခြင်းဝေဖန်ခြင်းဟူသောလောကဓံ
တရားတွေကိုလျစ်လျူရှုရင်း ကျတော်တို့နှစ်
ယောက်၏ရှေ့ဆက်ရမည့်နေ့ရက်တွေအတွက်သာ
အာရုံစိုက်ထားလိုက်သည်။ညီ~~ကအရွယ်နဲ့မ
လိုက်အောင် ရောဂါဒဏ်ကိုတည်တည်ငြိမ်ငြိမ်နဲ့
ရင်ဆိုင်ပြလေ ကျတော်ကပိုရင့်ကျက်ပြရမည်လေ""သူ့ကို ဒီလောက်ထိမခံနိုင်ဘူးထင်ခဲ့တာ။သူ့
အရွယ်နဲ့ဆို အများစုကတုန်လှုပ်နေကြပေမယ့်
သူကတော့ အံ့သြစရာကောင်းလောက်အောင်
တည်တည်ငြိမ်ငြိမ်ပဲ နားထောင်နေခဲ့တယ်။အများစုက သူတို့ဘယ်လောက်ခံမှာလဲလို့မေး
တတ်ကြပေမယ့် သူကတော့အသက်ရှင်မယ့်နည်း
လမ်းတွေကို သူကိုယ်တိုင်ကြိုတင်လေ့လာထား
ခဲ့တယ်။""အသည်းအထူးကု ပါရဂူကြီးထံမှချစ်ရသူ၏
ရဲရင့်မှုအားချီးကျူးခြင်းကိုနာကြားရချိန်သူ့အတွက်
ဂုဏ်ယူဝမ်းမြောက်ခြင်းနှင့်အတူ သနားချစ်ခင်
မှုကြောင့် မျက်ဝန်းအမြုတေတို့သည်လည်း
သန္ဓေတည်၏""အခုအခြေအနေကရော Dr""
""HCCဆိုတာက တခြားorganတွေကနေပြန့်
လာတတ်တဲ့ ကင်ဆာမဟုတ်ပဲ အသည်းထဲမှာပဲ
စပြီးအမြစ်တွယ်တတ်တဲ့ ဖြစ်စဉ်မို့--""မပြောပဲ ခဏရပ်နေသဖြင့် ကျတော်အမောဆို့လာ
သလိုကြီးဖြစ်လာကာအသက်ရှုမဝတော့""ဆရာတို့ကတော့ ပထမအဆင့်ကိုဖြတ်ကျော်
ပြီး Treamentတွေပေးခဲ့ပေမယ့် ခုCancer
Cellတွေက ထင်သလောက်လျော့နည်းမသွား
သေးဘူး။ဆရာတို့စိုးရိမ်နေတာ Treatment
ဒဏ်တွေမခံနိုင်တော့ချိန် ဆေးတွေရဲ့Side
effectတွေကြောင့် သူရဲ့တခြားအစိတ်အပိုင်း
တွေပါ ထိခိုက်လာမှာစိုးရိမ်နေကြတယ်""""ခွဲစိတ်ရင်ရော--ခွဲစိတ်ရင် ဘယ်လိုနေမလဲ??"
""Cellတွေက အသည်းရဲ့အရေးကြီးတဲ့အစိတ်
အပိုင်းတွေထဲမှာမို့ ဖြတ်ထုတ်လိုက်ဖို့အဆင်မပြေ
ဘူး။လူနာက တစ်ဦးတည်းသောသားဖြစ်နေ
တော့ဆရာတို့ကဒီနည်းလမ်းကိုရှောင်နိုင်သမျှ
ရှောင်နေကြရတာ--အစားထိုးဖို့ကလည်း--""
