အိမ်တစ်ခုလုံးတိတ်တိတ်ဆိတ်ဆိတ်။ဧည့်ခန်းထဲ
ထိန်းထားသောမီးမှိန်မှိန်အရ ညီအိပ်များပျော်နေပြီလား?
အချိန်အားဖြင့် ည၁၁နာရီ။ဒီအချိန်အိပ်တတ်သူမဟုတ်။
စိတ်ထဲမယ်အိပ်နေပါစေလို့ဆုတောင်းနေမိသေး၏။ဘာလို့ဆို ကျတော် ညီကြိုက်တဲ့ 77 Chocolate Cakeဝယ်လာတာလေ
ညီက သူအိပ်နေတုန်း မုန့်ဝယ်လာပြီးသူ့အား
သတိတရ နှိုးကျွေးရင်အပျော်လွန်တတ်သူ။ထိုအကျင့်ကိုသိသော ညီ့ဖေဖေနဲ့ကျတော်က သူ
အိပ်ပျော်နေရင်တောင် ရအောင်နှိုးကျွေးနေကြ""ညီ~~ရေ--""
MG!ကိုဇက်??
စာရေးစားပွဲပေါ်မှ ထခုန်မိမတတ်။ဖတ်လက်စ
စာအုပ်ကိုပိတ်။ကုလားထိုင်မှ ထကာကျတော်
ဘာအရင်လုပ်ရမှန်းမသိ အဲ့နားတွင်ပတ်ချာလည်
လှည့်ကာ လည်နေသည်။အောက်မှာ မီးတွေထွန်း
ထားခဲ့လား မထွန်းထားခဲ့လားကျတော်မသေချာ
တော့။Hoodie ကိုကောက်စွပ်
လက်ချောင်းတွေထိရောက်အောင်ဆွဲချပြီးမှ
အောက်ထပ်ကိုပြေးဆင်းရသည်။""ကိုဇက်--""
လက်ထဲက ဗူးက 77?
လှိုက်ခနဲနေအောင်ဝမ်းသာသွားသောကျတော့်အားငေးကြည့်နေသောကိုဇက်ကြောင့် ကျတော့်
မှာမလုံမလဲ??ဘာများဖြစ်နေလို့ပါလဲ??အိမ်နေရင်းခေါင်းစွပ်အနွေးထည်ပွပွ။ညဝတ်ဘောင်းဘီရှည်နှင့်တင်သဘာဝဆန်စွာချစ်ဖို့ကောင်းနေပြီကို ခေါင်းက ကြက်တောင်စီးက
ဘာလဲကွာ??ကိုင်းထူထူမျက်မှန်တပ်ထားပုံအရ
Computer သုံးနေတာလား?စာဖတ်နေတာ
လားပဲ??ရေးတေးတေးအလင်းရောင်ထဲကနေ
ညီ့ကို ကြည့်နေရတာကို ကျတော်အားမရတော့""ညီ မီးဖွင့်လိုက်ပါလား?""
""အင်--မ--မဖွင့်နဲ့။77 မလား ပေးပေး။""
လက်ထဲမှ Cakeဗူးကိုလှမ်းယူကာ ၏။
""ခဏ ပန်းကန်သွားယူလိုက်အုံးမယ်။မီးတွေမဖွင့်နဲ့နော်။မီတာတက်တယ်""
ကျတော့်ပြောတော့ အူကြောင်ကြောင်ပြန်ကြည့်
ပြီးကျန်နေခဲ့မှာသိတယ်။မီးဖွင့်လိုက်ရင်---
Symptomတစ်ခုဖြစ်တဲ့ ဝါနေသော ကျတော့်
အရေပြားတွေ ကိုဇက်တွေ့လို့မဖြစ်ဘူး။ခုနောက်
ပိုင်းပိုသိသာလာလို့ နေ့ဖက်တွေဆို သူနဲ့မတွေ့
အောင်ရှောင်နေရ၏။မိဘတွေက မိုးလင်းတာနဲ့
အလုပ်ကိုယ်စီနဲ့မို့ ကိုဇက်ကိုသာ အဓိက ထား
ရှောင်ဖယ်နေရသလိုဖြစ်နေ၏
![](https://img.wattpad.com/cover/86940193-288-k611792.jpg)