သာမာန်သတို့သမီးသတို့သားတွေရဲ့ မင်္ဂလာဦး
ဆွမ်းကျွေးက ဘယ်လိုနေလဲတော့ကျတော်လည်း
မသိ။ကျတော်နဲ့ညီ အတွက်ကတော့ ဗီယက်နမ်
ပြောက်ကျားစစ်ဆင်နွှဲနေရသလိုပဲ ပုန်းလျှိုးကွယ်
လျှိုးနဲ့ကိုဖြစ်နေတာမနက်မိုးလင်းတည်းက
မနက်အစောကြီးရေထချိုးမယ့်ညီ့အတွက်ရေနွေး
စပ်ပေးတာလေးကိုပင် Snapချပြီးစတေးထပ်ကြ
ကာ Feelနေသော မမချိုနဲ့ဆုမြတ်ကိုကို
နှစ်ယောက်ကြားနေရတာလည်းထင်သလောက်
မလွယ်။ဒီကြားထဲညီက တကယ်ရယ်ရသေး၏။သူ့အရင်
ရေချိုးအဝတ်အစားလဲခိုင်းပါတယ်ဆိုမှ ကျတော်
အခန်းထဲရောက်ချိန်ထိသူမှာအပေါ်ကလည်ကတုံးနဲ့အောက်ကပုဆိုးကျစ်ကျစ်ပါအောင်စုကိုင်
ထား၍ကချင်ပုဆိုးနက်ပြာကွက်က သူ့လက်ထဲ
တင်တွန့်ကြေနေပြီကျတော့်ကို မြင်တော့မှ
""ကိုဇက်--ပုဆိုးကိစ္စလုပ်အုံး""
ဟူ၍ပုဆိုးကြီးစုကိုင်ရင်းခါးကော့ကာအနားရောက်
လာ၍ ရေချိုးပြီးစကျတော်ကြက်သီးမွှေးညှင်းထ
သွားရသည်။""လုပ်အုံး ကိုဇက် ကျတော်မဝတ်တတ်ဘူး""
ဟုတ်သားပဲ။သံရုံးကျောင်းမှာ စတိုင်ပင်ဝတ်ခဲ့ရရုံ
သာမက ဘောင်းဘီတွေပဲဝတ်တတ်တဲ့အဖေနဲ့
ကြီးပြင်းလာရသူညီက ကျတော့်ကဲ့သို့ပုဆိုးကို
ခိုင်အောင်မဝတ်တတ်။ငယ်ငယ်တုန်းကကျတော့်
တို့ရှင်ပြုတုန်းကတောင် ပုဆိုးကိုဗိုလ်အောင်ဒင်
လိုခါးပတ်နဲ့ပတ်ထားပေးရတာ။""လာ လာ ကို ဝတ်ပေးမယ်""
""အခန်းတံခါးရော Lockချခဲ့လား??""
ဟိုနှစ်ယောက်ရန်ကို ကျတော်
်တစ်ယောက်တည်းကြောက်ရနေတာမှမဟုတ်ပဲခါးကြီးထောက်ကာ ရှေ့ကိုကော့ထား၍
""ဟာ--အဲ့လိုကြီးမနေနဲ့ ရတယ်။ပုံမှန်အတိုင်းရပ်
နေ""ငါနော်---ညီတစ်ယောက်နဲ့တကယ်ချွေးပြန်တယ်
""ကိုဇက်!!ကျတော်ကျွတ်တော့မကျလောက်ပါ
ဘူးနော်။ဘုန်းကြီးတွေရှေ့ ပုဆိုးကျွတ်ကျရင်--""""ဟားးဟားမကျွတ်ပါဘူးညီရာ။ကို ခိုင်အောင်ဝတ်ပေးထားပါတယ်""