""ညီ~~""
အေးစက်စက်လက်တွေမျက်ရည်စတွေနဲ့ပူဆွေး
နေသောကိုဇက်သည်အပူအအေးအရောင်တွေ
ရောစပ်ထားသောလူ့သရုပ်ဖော်ပန်းချီကားတစ်
ချပ်ပမာ။ဒီပန်းချီကားကို ငေးကြည့်ရုံသာတတ်နိုင်တဲ့
အနုပညာချစ်သူကျတော်က
Not For U ဆိုတာကိုလည်းသိနေတော့---""အာ--ကိုဇက်လက်တွေအေးစက်နေတာပဲ။ပြန်ကြရအောင်""
""ကိုတို့ တစ်နေရာရာကို သွားကြရင်ကောင်း
မလား ညီ?နေ့ချင်းပြန်ခရီးတစ်ခုခုပဲဖြစ်ဖြစ်။
အားလုံးနဲ့ဝေးရာ----""""မ--မသွားချင်ဘူး""
ကျတော်တုန်တုန်ယင်ယင်နဲ့မတ်တပ်ထရပ်သည့်တိုင် ကိုဇက်ထိုင်လျက်သားနဲ့သာ ကျတော့်အား
မော့ကြည့်နေဆဲ။ကျတော့်လက်တစ်ဖက်ကိုကိုင်ထားဆဲ။
လက်တွေသည်အေးနေဆဲ။မျက်ဝန်းတို့သည်စိုနေဆဲ။ဒါဘယ်လိုဘဝတွေလဲ??အရာအားလုံးပစ်ချထား
ခဲ့ပြီး ခုချိန်သူ့နောက်လိုက်သွားလိုက်ရင် ကျတော်
သိပ်ကိုအတ္တကြီးသွားမှာ။
သူ့နားနေကာ အစ်ကိုလို ချစ်သူလို ခါတလေဘဝ
တိုက်ပွဲတွေကြား ရဲဘော်ရဲဖက်တစ်ယောက်လို သေတပန်သက်တဆုံးသူ့နေ့ရက်တွေထဲအတူတူပါဝင်လိုစိတ်။နောက်ဆုံးသူ့ရင်ခွင်ထဲခေါင်းချချင်သည့် မျှော်လင့်
ချက်--ရှိခဲ့ပါသော်လည်းမကောင်းကျောင်းပို့ဆို
သလို တနေ့ထက်တနေ့ယို့ယွင်းနေတဲ့ဒီရုပ်ခန္ဓာ
နှင့်သူ့ဆီမှဂရုဏာတရားတို့အား ချူမယူချင်။
ကျတော်သူ့ကို ချစ်တာ ရိုးရိုးလေး။ခဏလေးအတွင်း အနာဂတ်အထိလွင့်ထွက်သွား
သော စိတ်အစဉ်အား မေတ္တာရပ်ခံကာ
ပြန်ပင့်ဆောင်ခေါ်ယူလျက်အိပ်မက်ယောင်နေ
သလိုမော့ငေးကြည့်နေသူအား""ထတော့လေ။ကျတော်အိပ်ချင်နေပြီ။နားကွင်းကကိုဇက်လစာထုတ်မှဝယ်ပေးလည်းရတယ်သိလား?အဲ့လောက်သွေးမပျက်နေနဲ့
ဲ့ထတော့""စိတ်မရှည်သလိုဆွဲထူထစေတော့---
""ညီ လိုချင်တယ်ဆို ကို ဘယ်နှစ်ခါငြင်းခဲ့ဖူးလို့
လဲ?""တိုးလျိုးတောင်းပန်နေဟန်တွေ။ကျတော်သိနေ
တယ်။ခုနေကျတော်တို့တစ်နေရာကိုထွက်သွား
သည်နှင့်---အဝေးဆုံးကိုထွက်ပြေးရုံနဲ့ပြီးသွားမှာ
မှမဟုတ်တာ။Together ever afterဆိုတာ
အိပ်ရာဝင်ပုံပြင်တွေထဲမှာပဲရှိတာ။