🦋Zawgyi🦋
' နင့်အိတ်ကို ထုတ်လို့ပြောနေတယ်လေ '
မဏိသွေး၏ ခပ်တင်းတင်းလေသံကြောင့် house keeping
ကောင်လေးမှာ တွန့်ခနဲ ဖြစ်သွားသည်။' နင်ရိုးသားရင် အိတ်ကို ဖွင့်ပြရဲရမှာပေါ့။နောက်ဆုံးအကြိမ် မေးမယ်။ဧည့်သည်ရဲ့ နာရီ နင့်ဆီမှာလား '
ထိုကောင်လေးမှာ ကြောက်ကြောက်လန့်လန့်နှင့် ဒူးပင်မခိုင်
ချင်။နောက်တခွန်းထပ်မေးရင် သွေးလန့်ပြီးသေတော့မယ့်ပုံ။အခြေအနေက မဏိသွေး laundryခန်းတွင် ရှောင်တခင်ဝင်
စစ်ရင်း ဝန်ထမ်းတယောက်က အိတ်ထဲသို့ တန်ဖိုးကြီးနာရီတ
လုံးကို ထည့်နေသည်ကို မြင်လိုက်သည်။တိုက်တိုက်ဆိုင်ဆိုင်
ပင် lobby ထဲလည်းဆင်းရော ဧည့်သည်တယောက်က သူ့
နာရီပျောက်ဆုံးနေကြောင်း complaint တက်နေသည်။မဏိ
သွေးက မသင်္ကာသဖြင့် ထိုhouse keepingဝန်ထမ်းလေး
ကို ခေါ်၍ စစ်မေးနေခြင်းဖြစ်၏။' ယုယ သူ့အိတ်ကို ရှာစစ်ကြည့်လိုက် '
Receptionistမလေးယုယက အိတ်ကို ယူလာသဖြင့် အား
လုံးရှေ့မှာဖွင့်စစ်ခိုင်းလိုက်သည်။' . . . ဒီ-ဒီမှာ '
ယုယက အိတ်ထဲက နာရီကို ထုတ်ပြရာ ဧည့်သည်က ချက်ချင်း
ပင် ' ဟုတ်တယ် ဒါသူ့နာရီပါ ' ဟု ပြောသည်။' ကျွန်တော်-ကျွန်တော် မှားသွားပါတယ် ဆရာ။နောက်တခါ မဖြစ်စေရပါဘူး။ကျွန်-ကျွန်တော် ကတိပေးပါတယ် '
' မင်းဒီလိုမလုပ်သင့်ဘူးကွ ငါ့ညီရ '
' ဒီလို မယုံကြည်ရတဲ့လူတယောက်အတွက် နောက်တခါဆိုတာ
မရှိဘူး။မင်းကို တို့ အလုပ်ဖြုတ်လိုက်ပြီ '' ဒါပေမယ့် ညီမရဲ့ . . . '
' သူ့ကို ထုတ်ဖို့ ဘယ်သူ့ခွင့်ပြု ချက်မှတောင်းစရာမလိုဘူး။မေး
လာရင်လည်း မဏိသွေး ထုတ်လိုက်တာလို့ပြောလိုက် 'ယုယစကားမဆုံးခင်မှာပဲ မဏိသွေးက ပိတ်ပြော၍ ထွက်လာခဲ့
သည်။မဏိသွေးဆိုတဲ့ သူဌေးသမီးလေးက စကားတခွန်းနဲ့တင် လူတ
ယောက်ရဲ့ဘဝကို ပြောင်းလဲပစ်နိုင်သည်။မပြောင်းလဲနိုင်တာ
က သူမအဖေ ဦးစံထွဠ်ခေါင်ရဲ့ စကားပင်။ဒက်ဒီ့စကားကိုသာ
လွန်ဆန်နိုင်လျှင် ဒီဟိုတယ်နဲ့ ဒက်ဒီ့လုပ်ငန်းအချို့ကို သူမဦးစီး
ပေးချင်သည်။အခုတော့ အသက်က၂၀စွန်းစွန်းသာရှိသေး၍
ကျန်းမာရေးကြောင့်လည်း ဒက်ဒီက ပေးမလုပ်ပါ။
YOU ARE READING
သက်တံ့ရောင်လိပ်ပြာ
Romanceစာအုပ်တခုဟာ အတိတ်ဖြစ်နိုင်သလို ပစ္စုပ္ပန်လို့လည်း ယူဆနိုင်တယ်။ဒါပေမယ့် လူတယောက်ရဲ့အနာဂတ်က ထိုစာအုပ်ပြဌာန်းထားသလို ဖြစ်နေခဲ့ရင် . . . လူတွေရဲ့ သနားစရာကံကြမ္မာက အရမ်းချစ်လွန်းရင် မုန်းသွားတတ်သလို အရမ်းမုန်းနေရင်းနဲ့ ချစ်သွားတတ်တယ် . . .