8th Butterfly

760 57 3
                                    

🌻Zawgyi🌻

' တိမ်ယံ .    .    .    .    . '

ကောင်မလေးကခေါ်သလိုက်သဖြင့် ကောင်လေးကစာအုပ်ဖတ်
နေရာမှလှမ်းကြည့်သည်။

' မျောက်ညို စုတ်လေ ငါဆော့ချင်တာကိုမဆော့ဘူး။နင်သူ့ကို
ရိုက် .    .    . '

' အကြီးကို နင်နဲ့ငါနဲ့မသုံးရဘူးလေ။ကိုတိမ်ယံဖြစ်ဖြစ် မင်းခန့်
ခေါ်သလို ကိုကို ဖြစ်ဖြစ်ခေါ်ပေါ့ '

' ဟာ မခေါ်ချင်ပါဘူး နင်နဲ့ငါက ၈နှစ်ပဲကွာတာကို '

' ကြည့် ပြောလေကဲလေ .   .   . '

ကောင်ကလေးက ကောင်မလေးကိုဆုံးမနေတုန်း ဒုတိယ
ကောင်လေးက ရှုံ့မဲ့မဲ့နှင့်ရောက်လာသည်။

' ကျွန်တော်က သီချင်းဆိုချင်တာ အဲ့စိတ်ပုတ်မက အတင်းလိုက်
ဖျက်နေတယ် '

' သွေးက ဘာလို့လိုက်ဖျက်တာလဲ ကောင်းကောင်းဆော့လေ '

' သွေးက ကာတွန်းထဲကမင်းသမီးတွေလိုကချင်တာ '

ကောင်မလေးက ဆူပုတ်ပုတ်ပြောရင်းနဲ့ ဂါဝန်အနားစနှစ်ဖက်
ကိုဆွဲကာဝဲခနဲ လှည့်သည်။ထိုအခါ ပထမကောင်လေးရော ဒုတိ
ယကောင်လေးပါရယ်သည်။

' သွေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ကဲ မင်းသမီးလေး ကျွန်
တော်နဲ့အတူတူတွဲကနိုင်မလားခင်ဗျာ '

ပထမကောင်လေးက ရိုကျိုးစွာလက်ကမ်းပေးတော့ ကောင်မ
လေးကဝမ်းသာအားရဆွဲ၍ ကတော့သည်။ဒုတိယကောင်လေး
ကလည်း လက်ခုပ်တီး၍ သီချင်းဆိုလေသည်။ကောင်မလေးက
မင်းသမီးလေးများလို ဂါဝန်ကလေးမ၍ ညင်သာစွာ ကသည်။
ပထမကောင်လေးကလည်း ကောင်မလေးနှင့် အလိုက်သင့်
လိုက်၍ကသည်။ဒုတိယကောင်လေးသည် စည်းချက်ညီညီသီဆို
နေသည်။

ထိုစဉ်ကောင်မလေးကို လက်ကြီးတဖက်ကဆွဲ၍ မြေကြီးပေါ်သို့
တွန်းလှဲလိုက်သည်။ထို့နောက် ကောင်မလေးလည်ပင်းကိုအား
ကုန်ညှစ်သည်။ကောင်မလေးက အကူအညီခေါ်ရန်လှမ်းကြည့်
တော့ ဘယ်သူမှမရှိတော့။အင်အားမမျှသော ထိုလက်နှစ်ဖက်က
ကောင်မလေးအသံမထွက်နိုင်တော့တဲ့အထိညှစ်သည်။

' ကယ်ကြပါဦး .    .    . '

သွေး အသံကုန်အော်ရင်း အိပ်ယာမှလူးလှိမ့်ထလိုက်သည်။ပြီးမှ
အိပ်မက်မက်နေမှန်း သတိဝင်လာပြီး သက်ပြင်းချရသည်။ခုထိ
ကြောက်စိတ်မပြေသေး၍ သွေးလည်ပင်းကိုလက်နှင့်စမ်းကြည့်
လိုက်သည်။ဝင်လေထွက်လေမှန်မှန်ရှူ ၍ သွေး ခဏငြိမ်ငြိမ်လေး
နေလိုက်သည်။ထိုအချိန်တွင် အခန်းပြင်မှ

သက်တံ့ရောင်လိပ်ပြာDonde viven las historias. Descúbrelo ahora