Rainbow Butterfly

2.6K 127 20
                                    

🦋Zawgyi🦋

ရက်တွေသာ ကြာသွားသည်။သွေးအခြေအနေက မထူးခြား
လာပါ။သူလည်း စိတ်ဓာတ်တွေကျကာ ယူကြုံးမရဖြစ်နေသည်။
သူ့ကို ရောဂါအခြေအနေကို ကွယ်ဝှက်ထားခဲ့တဲ့ သွေးကိုလည်း
စိတ်မကောင်းဖြစ်မိသည်။

အခန်းရှေ့တွင်စောင့်နေတဲ့ ဦးစံထွဠ်ခေါင်မှာ သမီးအတွက် အ
ကြီးအကျယ် စိတ်သောကရောက်နေသည်။အိမ်တောင်မပြန်
တော့ဘဲ ဆေးရုံမှာပဲနေကာ သွေးကိုပြု စုပေးရှာသည်။

' သွေးက မင်းပြောရင်နားထောင်မှာပါ။အန်ကယ့်အစား သူ့ကို
ခွဲစိတ်ခံဖို့ပြောပေးပါကွာ . . . '

' ခွဲစိတ်ဖို့ အရမ်းနောက်ကျသွားပြီ အန်ကယ် '

' ဒါပေမယ့်လည်းကွာ . . . '

သူ့ကိုမြင်တိုင်း ဦးစံထွဠ်ခေါင်က သွေးကိုဖျောင်းဖျပေးရန် ပြော
လေ့ရှိသည်။သို့သော် တနေ့တခြားပိုအိုစာသွားကာ သမီးထက်
အရင် အဖေကလဲကျတော့မည့်အခြေအနေ ဖြစ်နေသည်။

' ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါ အန်ကယ်။ကျွန်တော် သွေးကို
ဝင်တွေ့လိုက်ဦးမယ် '

' အန်ကယ်ကတော့ မမြင်ရက်တော့ဘူး '

အန်ကယ်မမြင်ရက်တဲ့ အခြေအနေကို သူမြင်လိုက်ရသည့်အခါ
သူ့ ရင်ဘတ်တခုလုံးနင်းချေခံရသလို နာကျင်သွားသည်။နာ့စ်မ
လေးက သွေးကိုဆေးသွင်းရန် အကြောရှာနေချိန်တွင် သွေးက
နာလွန်းသဖြင့် ဟိုဘက်လှည့်၍ကျိတ်ငိုနေသည်။ဆေးတွေသွင်း
ရလွန်းလို့ သွေးလက်တစ်ဖက်လုံး အညို အမည်းကွက်များနဲ့ ဗရ
ပွ ဖြစ်နေသည်။

' ညီမလေး နာရင်ပြောနော် '

အရင်က သူ အပ်အသေးနဲ့ ဆေးထိုးတုန်းကတောင် ကြောက်
လန့်အော်ဟစ်နေတဲ့ သွေးက အခုအပ်တန်းလန်းနဲ့ဆေးတွေ
ဆက်တိုက်သွင်းသည်ကို အလူးအလဲခံနေရသည်။

ခဏအကြာတွင် နာ့စ်မလေးဆေးပုလင်းလဲကာ ပြန်ထွက်သွား
သည်။သွေးရဲ့ပုခုံးတွေ တသိမ့်သိမ့်လှုပ်ပြီး ငိုကြွေးနေသည်ကို
သူ ငြိမ်သက်စွာ ရပ်ကြည့်နေရုံမှလွဲလို့ ဘာမှမလုပ်နိုင်တော့ပါ။

' သွေး . . . '

သူ့အသံကြောင့်သွေးဆက်မငိုတော့ဘဲ ခပ်ရွဲ့ရွဲ့ရယ်သံထွက်ပေါ်
လာသည်။

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now