4th Butterfly

1K 73 0
                                    

🍂Zawgyi🍂

မနှစ်မြို့စရာ ရယ်သံနဲ့အတူ ကြမ်းတမ်းတဲ့လက်တဖက်က သွေး
ကိုလှမ်းဆွဲလိုက်ချိန်တွင် သွေးတကိုယ်လုံး ကြက်သီးမွေးညင်း
ပါထသွားသည်။

' ဟား ဟား ဟား နှင်းဆီ နှင်းဆီ '

' သွေးနှင်းဆီ ဟားဟား '

သွေးနှင်းဆီဆိုတဲ့ နာမည်ကြောင့် သွေး ချာခနဲ လှည့်ကြည့်
လိုက်သည်။ယောဂီဝတ်စုံနှင့်ပါးရေတွေတွန့်နေပြီဖြစ်တဲ့ အဘွား
အိုတယောက်တုတ်ကောက်တချောင်းအားပြု ၍ ရပ်နေသည်
သာတွေ့ရသည်။ယိုင်နဲ့နဲ့အဘွားအိုတယောက်ရဲ့ လက်က သွေး
ကိုလက်ဝှေ့သမားတယောက်အားနဲ့ ဖျစ်ညှစ်ထားသလို ခံစားရ
သည်။

' အဘွားက ဘယ်သူလဲ?သွေးနှင်းဆီကို သိလို့လား? '

သူမမေးလိုက်မှ အဘွားအိုက သူမကိုသေချာပြန်ကြည့်ပြီး မျက်
မှောင်ကျုံ့သည်။

' နှင်းဆီလည်း .   .   . မဟုတ်ဘူး။ညည်းက '

' မဏိသွေးပါ သွေးနှင်းဆီရဲ့ . . . '

' တော်ပြီ ငါသိတယ်။မဏိသွေး .   .   . မဏိသွေး '

' အဘွား သွေးနှင်းဆီအကြောင်းကိုသိရင် '

' ပြောပြခိုင်းမလို့လား? '

' ရှင် . . . '

' ညည်းက ဥာဏ်ကောင်းတာပဲ။ပြီးတော့ . . . ရုပ်လေးက
လဲနှင်းဆီလိုပဲ '

အဘွားအိုက သူမမျက်နှာကို တုတ်ကောက်နဲ့ မထိအောင် လှမ်း
ထိုးပြောသည်။သူမနဲ့ သွေးနှင်းဆီရုပ်ကိုသိတယ်ဆိုကတည်းက ဒီအဘွားအိုကြီးကို မသင်္ကာတော့။သွေးနှင်းဆီအကြောင်းကို သေချာသိတဲ့လူပဲဖြစ်ရမယ်။ဒီအဘွားကိုသာငါ့ဘက်ပါအောင်
ပြောပြီးမေးရင် ငါသိချင်နေတဲ့အဖြေသူ့ဆီမှာပဲ ရှိရမယ်။

' ညည်းသိချင်တဲ့အဖြေ ငါ့ဆီမှာမရှိဘူး '

သူမ အံ့သြစွာ ကြည့်လိုက်ပြီး အဘွားအိုက မနှစ်မြို့စရာအသံ
ကြီးနဲ့ အားရပါးရရယ်သည်။

' ဒါပေမယ့် ညည်းသိသင့်တဲ့ အရာတွေတော့ငါ့ဆီမှာရှိတယ်။
အဲ့ဒိအတွက် ငါ့ကို .  .  . ဒီနှင်းဆီပန်းပေးရမယ် '

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now