9th Butterfly

726 49 0
                                    

🖤Zawgyi🖤

' ဘယ်သူလဲ '

သွေးက ရှေ့တလှမ်းတိုးလိုက်ပြီးမေးလိုက်သည်။ထိုလူကကျော
ပေးထားရာမှ သွေးကိုလှည့်ကြည့်သည်။မီးရောင်ကမမှိန်သော်
လည်း ဦးထုပ်အမည်းအောက်မှာမှနှာခေါင်းစည်းအမည်းထပ်
အုပ်ထားကြောင့် သွေးသေချာမမြင်ရ။

' ဧည့်သည်ဆိုရင် ခြံရှေ့ပြန်ထွက်ပေးပါ '

သွေး ခေါင်းထဲကမူးနောက်နောက်ဖြစ်နေပြီး အရှေ့ကလူကိုသဲ
သဲကွဲကွဲမမြင်ရ။ထိုလူကဘာမှမပြောဘဲ သွေးဆီသို့ တလှမ်းချင်း
တိုးလာသည်။သွေး နဲ့တော်တော်နီးလာမှ ထိုလူရဲ့လက်ထဲမှ
သွေးဘက်သို့ဦးတည်နေတဲ့ ပြောင်လက်လက်အရာကို သတိ
ထားမိပြီး နောက်သို့ ကမန်းကတန်းဆုတ်လိုက်သည်။

ထိုအရာကား . . . ကတ်ကြေး။ပန်းပင်များကိုင်းဖြတ်ရာမှာ
သုံးတဲ့ ကတ်ကြေးအကြီးစားတလက် . . .

' ဘယ်သူလဲလို့ မေးနေတယ်လေ '

ကြောက်လန့်နေတဲ့အသံကို မတုန်ယီအောင် သွေးထိန်း၍မေး
လိုက်သည်။ထိုလူကသွေးမေးသည်ကိုဂရုမစိုက်ဘဲကတ်ကြေးကို
သွေးဆီသို့တည့်တည့်ချိန်လျက် မြန်မြန်လျှောက်လာသည်။

သွေး ကြာကြာရပ်ရန်ဒူးမခိုင်တော့ဘဲ အပေါက်ဝဘက်သို့ပြေး၍
ဥယာဉ်အပြင်သို့ ထွက်ပြေးသည်။ဒါပေမယ့် သွေး မူးနေသည့်
အရှိန်မပြေသေးသဖြင့် ပြေးနေသော်လည်း ထင်သလောက်
ခရီးမပေါက်။ဒယိမ်းဒယိုင်နှင့် ပြေးလာပြီး ဥယာဉ်အပြင်ဘက်
ခပ်လှမ်းလှမ်းတွင် သွေး ခြေခေါက်ပြီးလဲကျသွားသည်။

အနောက်လှည့်ကြည့်တော့လည်း ထိုလူက ကတ်ကြေးကိုဖွင့်
လိုက်ပိတ်လိုက်နှင့် သွေးနောက်သို့လိုက်လာဆဲ . . .

ဒီပုံစံနဲ့ဆို သွေး လမ်းကောင်းကောင်းမလျှောက်နိုင်တော့၍ ခြံ
ပြင်က ဒင်နာပွဲထိသွားပြီး အကူအညီတောင်းမည့်အစီအစဉ်ကို
လက်လျှော့လိုက်သည်။ထို့နောက် ကိုယ်နှင့်မကွာအသင့်ဆောင်
ထားတဲ့သော့ကို စမ်းမိပြီး မေမေ့အနားယူဆောင်သို့ သွေး
အားတင်းကာ အမြန်ဆုံးပြေးသည်။

သော့ကိုအသည်းအသန် သွေးဖွင့်နေချိန်မှာတော့ ထိုလူ သွေးကို
မှီတော့မည်ဖြစ်၍ ခြေဖျားလက်ဖျားတွေပါအေးလာသည်။သွေး
ကိုမှီရန် ငါးလှမ်းလောက်အကွာတွင့် သော့ဖွင့်၍ရသွားပြီး အထဲ
ကိုအလျင်အမြန်ဝင်ကာ အတွင်းဘက်မှတံခါးကိုသော့ခတ်လိုက်
သည်။

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now