6th Butterfly

848 71 0
                                    

💐Zawgyi💐

' အပြာရောင်နှင်းဆီဆိုတာ လျှို့ဝှက်ဆန်းကြယ်တယ်တဲ့ '

ဘုန်းမင်းခန့်ရဲ့အဖြေက အန်တီသဇင့်အဖြေနှင့် အတူတူဖြစ်နေ
သည်။သွေးက အပြင်သွားရန်စခေါ်သဖြင့် ပျော်နေမည်လို့ထင်
ထားသော်လည်း . . . ဘုန်းမင်းခန့်က မျက်နှာချင်းဆိုင်ခုံ
တွင်ထိုင်ကာ ကုန်ခါနီးအအေးခွက်ကိုသာ အဆက်မပြတ်မွှေနေ
သည်။

' နင်က ဘယ်လိုလုပ်သိတာလဲ '

' ငါ့ဦးလေးက နှင်းဆီပန်းတွေအရမ်းကြိုက်တာလေ။သူပြောပြ
တဲ့ နည်းနည်းပါးပါးတော့ ငါသိတာပေါ့။blue roseကအင်္ဂလိပ်
်လို mystery ဆိုတာတော့ ခဏခဏပြောဖူးလို့မှတ်မိနေတာ '

ပြောစရာစကားမရှိသလို တိတ်ဆတ်သွားပြီး အအေးခွက်ဆီ
သာ ဘုန်းမင်းခန့်စိတ်ပြန်ရောက်သွားသဖြင့် သွေး စိတ်မရှည်
တော့။

' နင် ငါနဲ့စကားမပြောချင်ဘူးဆိုလည်းပြန်တော့ '

' ငါနင်နဲ့ပြောချင်ပါတယ်။ sorry ဟာ ငါဒီနေ့စိတ်နဲ့လူနဲ့သိပ်မ
ကပ်ဘူးဖြစ်နေလို့ '

သွေး ကို အားနာသွားသလိုပြုံးပြပြီး ပုံမှန်ဘုန်းမင်းခန့်လိုတက်
တက်ကြွကြွပြန်ဖြစ်သွာသည်။

' ဒါနဲ့ . . . ကိုတိမ်ယံအတိတ်မေ့သွားတာ တော်တော်ဆိုးဆိုး
ရွားရွားဖြစ်သွားတာလား? '

' အစကတော့ နည်းနည်းစိတ်ပူရတယ်။နောက်တော့ ဖြည်း
ဖြည်းချင်းပြန်မှတ်မိလာတယ် အကောင်းနီးပါးပဲ။ပညာရေးနဲ့
နေ့စဉ်လှုပ်ရှားမှုမှာ ဘာမှမထိခိုက်လို့ တော်သေးတယ်။အခုဆို
99%လောက် သတိရနေပြီလေ '

သွေးရဲ့ နှုတ်ခမ်းတဖက်က မကျေနပ်မှုဖြင့် တွန့်သွားသည်။

' ကျန်တဲ့ 1%ကငါပဲနေမယ် '

' သွေး . . . နင်ဒီရောက်ပြီးတခါမှသေချာမလည်ရသေးဘူးမ
လား '

ဘုန်းမင်းခန့်က သိသိသာသာကြီးစကားလမ်းကြောင်းလွှဲလိုက်
သည်။

' ငါဒီမှာနေခဲ့တာပါ။မော်လမြိုင်မှာ ဘယ်သွားရင်ဘာရှိမှန်း ငါသိ
တယ် '

' ဒါပေမယ့် ကလေးတုန်းကရောက်ဖူးတဲ့အမှတ်တရနဲ့ အခုနဲ့တူ
ချင်မှတူမှာလေ။ အသက်အရွယ်အရ အမြင်ချင်းလည်းမတူတော့
ဘူး။နင့်ကိုငါ လိုက်ပို့ပေးမယ် '

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now