14th Butterfly

587 50 0
                                    

✨Zawgyi✨

အရက်ပြန်နံ့ထောင်းထောင်းထနေသော ဆေးရုံထဲသို့ သူမ
ရောက်လာပြန်သည်။ဒီတစ်ခါတော့ လူနာကသွေးမဟုတ်ပါ။
မြတ်ပွင့်ကိုသွားကြည့်သင့်တယ်လို့ မနှင်းစက်မေက တိုက်တွန်း
သဖြင့်သာ လာရသည်။

တကယ်လို့memory cardက သွေးဆီမှာရှိမှန်း ရွှေရည်သိခဲ့ရင်
အရေးပေါ်ခန်းရောက်မယ့်သူက သွေးဖြစ်လိမ့်မည်။ဘယ်လိုပဲ
တွေးတွေး မြတ်ပွင့်ခုလိုဖြစ်ရတာ သွေးအပြစ်မကင်းပါ။

သွေး အခန်းတံခါးကို ဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်သည်။မြတ်
ပွင့်အမေဟု ထင်ရသည့် အမျိုးသမီးကြီးက နှုတ်ဆက်ပြုံးမပြဘဲ
သွေးကို သေချာကြည့်သည်။အသက်ကြီးကြီးဝတုတ်တုတ် အဖိုး
ကြီးက ပြုံးယောင်သန်းလာပြီး သွေးလက်ထဲမှ အထုပ်ကိုဝိုင်း
သယ်ပေးသည်။

' သမီးက မဏိသွေးပါ။မြတ်ပွင့်ဖို့ Overtine ၊နို့နဲ့ cookieတွေ
ွဝယ်လာတာ အန်ကယ်။သူ သက်သာရဲ့လား '

' မြင်တဲ့အတိုင်းပဲ သမီးရယ် '

ကုတင်ပေါ်မှ မြတ်ပွင့်ဆီမျက်လုံးဝေ့ကြည့်တော့ သူပြောတဲ့ မြင်
တဲ့အတိုင်းပဲကို သွေးအားနာသွားသည်။ခေါင်းတွင် ပတ်တီးဖြူ
များဖွေးနေအောင်ပတ်ထားပြီး လက်တစ်ဖက်နှင့် ခြေထောက်
နှစ်ဖက်လုံးကို ကျောက်ပတ်တီးစည်းထားသည်။ရက်ပိုင်းအ
နည်းငယ်တွင်းတွင် မျက်တွင်းဟောက်ပက်ဖြစ်နေသော မြတ်
ပွင့်ကိုကြည့်ကာ သွေးအားပျက်ချင်သွားသည်။

' အဘက ဦးသန်းမင်း။ဒါက ဒေါ်သိင်္ဂီထွေး။အဘတို့က သူ့မိဘ
တွေပါ။သမီးက ဦးစံထွဠ်ခေါင်ရဲ့သမီးလား '

' ဟုတ်ကဲ့ '

ဦးသန်းမင်းက လူကြီးလူကောင်းပီပီ သည်းခံပြောပေးသော်
လည်း သူ့ဇနီးကတော့ သွေးကိုအသိအမှတ်မပြု ဘဲ မျက်နှာကို
တင်းထားသည်။

' သမီးသူငယ်ချင်းကို ဂရုစိုက်လိုက်ပါဦး။အဘတို့အပြင်မှာစောင့်
နေပေးမယ် '

' ဟုတ် စိတ်ချပါ '

ထို့နောက် ဦးသန်းမင်းက သူ့ဇနီးကိုဖျောင်းဖျ၍ အပြင်သို့ခေါ်
ထုတ်သွားသည်။မြတ်ပွင့်ကုတင်ဘေးက ခုံတွင်သွေးဝင်ထိုင်ပြီး
မြတ်ပွင့်ကို ကြည့်နေမိသည်။

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now