🥀Zawgyi🥀
' အမေသေတာတောင်မျက်ရည်တစက်မှမကျတဲ့ အသဲနှလုံးမရှိ
တဲ့မိန်းမ။ နင်ကချမ်းသာတဲ့အဖေကလာခေါ်တော့မှာမို့လို့ ဘဝင်
မြင့်နေတာလား '' မဟုတ်ပါဘူးဟာ '
' နင့်ကိုယ်နင် စင်ဒရဲလားလို့ထင်မနေနဲ့။နင့်သူဌေးအဖေက အ
ဖေရင်းကောဟုတ်ရဲ့လား။တော်ကြာမွေးပြီးစားတဲ့အဖေဖြစ်
နေဦးမယ် . . . ဟားဟား ။အမေမရှိတာနဲ့ နင့်ဘဝကိုအဲ့လို
တောင်လုပ်ရသလား မဏိသွေးရဲ့။အမေတူသမီးမို့လို့နေမယ် 'မေမေသေပြီးတဲ့နောက်မှာ ဦးစံထွဠ်ခေါင်ဆိုတဲ့လူတယောက်
က သူ့ကိုယ်သူသွေးအဖေဆိုပြီးရောက်လာတယ်။အရမ်းချမ်း
သာတဲ့သူဌေးတယောက်လို့ လူတွေကပြောတယ်။ဒီမှာ ဆွေမရှိ
မျိုးမရှိတယောက်တည်းမထားခဲ့နိုင်လို့ ရန်ကုန်ကိုခေါ်သွားမယ်
တဲ့။ပတ်ဝန်းကျင်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ပြီး ပုတ်ခတ်ရှုတ်
ချမှုတွေက သွေးကိုပြောင်းလဲသွားစေသည်။' အင့်ဟာ . . . '
သွေးကိုရန်လာစသောကောင်မလေးနှစ်ယောက်ကို လွယ်အိတ်
်နှင့်ကောက်ပေါက်ပစ်သည်။ဆယ့်သုံးနှစ်သာသာလေးတွေဖြစ်
သော်လည်း လူကြီးတွေပြောတာကိုအတုမြင်အတတ်သင်ပြီး
ပြောနေခြင်းဖြစ်သည်။' ဟေ့ ရန်မဖြစ်နဲ့လေ '
မင်းခန့်ကိုလာကြိုရင်း လှေကားထိပ်တွင်ရန်ဖြစ်နေသော သွေး
တို့ကို တိမ်ယံလင်းဝင်တားသည်။ခုနှစ်တန်းမိန်းကလေးတွေ
ရန်ဖြစ်နေသည့်ကြားထဲ တက္ကသိုလ်ကျောင်းသားက ကိုးလို့ကန့်လန့်ဝင်ပါရသည်။စစ်ကူရောက်သဖြင့် ပစ်ပေါက်လိုက်သောလွယ်အိတ်ကို အမြန်
ကောက်ပြီး သွေးလှေကားပေါ်ကဆင်းပြေးရန်ပြင်သည်။
ထိုအချိန်က မဏိသွေးသည်ရန်ဖြစ်ရမှာကိုမုန်းသည်။ထိုစဉ် သွေး
လွယ်အိတ်ကြိုးကို ရန်ဖြစ်နေတဲ့ကောင်မလေးထဲကတယောက်
က လက်လှမ်းမှီရာလှမ်းဆွဲလိုက်သည်။' နင်က ငါတို့ကိုအာခံပြီပေါ့ မိသွေး။နင်မဆင်းနဲ့ဦး '
' နင်ငါ့ကိုလွှတ် '
' မိန်းကလေးတွေဖြစ်ပြီး ရန်မဖြစ်နဲ့။တော်ကြတော့ '
' ဒီကအကို မဆိုင်ရင်ဖယ်ပေး '
ESTÁS LEYENDO
သက်တံ့ရောင်လိပ်ပြာ
Romanceစာအုပ်တခုဟာ အတိတ်ဖြစ်နိုင်သလို ပစ္စုပ္ပန်လို့လည်း ယူဆနိုင်တယ်။ဒါပေမယ့် လူတယောက်ရဲ့အနာဂတ်က ထိုစာအုပ်ပြဌာန်းထားသလို ဖြစ်နေခဲ့ရင် . . . လူတွေရဲ့ သနားစရာကံကြမ္မာက အရမ်းချစ်လွန်းရင် မုန်းသွားတတ်သလို အရမ်းမုန်းနေရင်းနဲ့ ချစ်သွားတတ်တယ် . . .