15th Butterfly

630 51 0
                                    

🌺Zawgyi🌺

' ငါတောင်းပန်ပါတယ် ရွှေရည်ရယ်။မသေပါနဲ့ဦး '

သေနေပြီဖြစ်တဲ့ ရွှေရည့်လက်ကိုကိုင်ကာ မသေပါနဲ့လို့ ကျောက်
ရုပ်လိုထိုင်ရွတ်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲမသိတော့။သွေးရဲ့
မျက်ရည်တွေတောင် ခြောက်ကုန်ပြီ။

ထိုအချိန်တွင် တံခါးလော့ခ်ဖွင့်သံကြားလိုက်ရပြီး ကိုတိမ်ယံနဲ့
အန်တီလေးဝင်လာသည်။

' ဘုရားရေ . . . '

' သွေး . . . သွေး ဘာဖြစ်သွားသေးလဲ '

မမျှော်လင့်သောမြင်ကွင်းကြောင့် အံ့သြသွားတဲ့ အန်တီလေးနဲ့
အပြေးအလွှားလာထူတဲ့ ကိုတိမ်ယံ့ကို စကားတစ်ခွန်းသာပြော
လိုက်နိုင်သည်။

' ရွှေရည်လေ . . . သေပြီ '

' တော်ပြီ ဒါတွေမပြောနဲ့တော့ သွေး။အပြင်ထွက်ရအောင် '

ကိုတိမ်ယံက သွေးကို တွဲခေါ်ကာ အပြင်သို့ ခေါ်ထုတ်သွားသည်။
အပြင်က ခုံတန်းလေးတွင်ထိုင်ခိုင်းပြီး ဆေးတစ်လုံးတိုက်
သည်။သွေးအခန်းထဲသို့ အန်တီလေးနဲ့အတူ ယူနီဖောင်းဝတ်ရဲ
သားအချို့နှင့် လူများဝင်သွားသည်။ထို့နောက် ကိုတိမ်ယံရဲ့ပခုံး
ကိုမှီ၍ သွေးအိပ်ပျော်သွားသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

တိမ်ယံလင်းသည် သုသာန်အပြင်ဘက်တွင် ကားရပ်၍ အထဲမှ
လူစုဝေးနေတဲ့ အုတ်ဂူတခုဆီ လျှောက်လာခဲ့သည်။အုတ်ဂူဘေး
နားတွင် မှိုင်တွေငြိမ်သက်နေတဲ့ သွေးနားသို့ သူချဉ်းကပ်သွား
သည်။

' မမြူ နှင်း အသက်(၂၅)နှစ် '

အုတ်ဂူဖြူ ဖြူ ပေါ်မှစာတန်းများကို သွေးက မျက်တောင်မခတ်ဘဲ
ငေးကြည့်နေသည်။

' ငယ်ငယ်ရွယ်ရွယ်နဲ့ သနားပါတယ် '

' သူက ကောင်မလေးတယောက်ကို လှေကားကတွန်းချတယ်
ဆို '

' စိတ္တဇဝေဒနာသည်လို့ ပြောတယ် '

' အဟမ်း . . . '

သူ ချောင်းဟန့်လိုက်မှ ဘေးနားမှ တီးတိုးပြောဆိုနေကြတဲ့ အ
ဒေါ်ကြီးများ ပါးစပ်ပိတ်သွားသည်။သွေးနဲ့ အဖော်လာတဲ့ ဒေါ်သ
ဇင်မြင့်က အမူအရာဖြင့် သွေးကိုခေါ်ထုတ်ရန် ပြောသည်။

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now