🌹Zawgyi🌹
' ခေါင်းကိုအမြန်ငုံ့လိုက် '
အဖြစ်အပျက်တွေက သွေး မျက်စိတမှိတ်အတွင်းမှာတင်မြန်ဆန်
လွန်းလှသည်။အပြင်မှချိန်ပစ်လိုက်သော သစ်သားတုံးတစ်တုံး
က အရှိန်ပြင်းပြင်းနဲ့ သွေးရပ်နေတဲ့ဝရံတာနားကမှန်ကို ရိုက်ခွဲ
လိုက်ခြင်းဖြစ်သည်။ဝင်းလွင် အချိန်မှီသတိပေး၍ တော်သေးသည်။နို့မို့ဆို သွေးရဲ့
ခေါင်းတည့်တည့်ကိုထိခိုက်မိပြီး သေနိုင်လောက်သည်။အခု
လည်း လွင့်စင်ကျလာတဲ့မှန်စတွေကြောင့် သွေးလက်တခုလုံး
ပြတ်ရှရာတွေနဲ့ သွေးထွက်နေသည်။ဝင်းလွင်ကချက်ချင်းဝရံတာ
ဘက်ကို ပြေးကာ တရားခံကိုရှာသည်။' သစ်ပင်အောက်က အရိပ်တရိပ်လှုပ်သွားတယ် မမလေး '
ဝင်းလွင်က သွေးကိုဖြည်းဖြည်းချင်းထူပေးသဖြင့် သွေး ဝရံတာ
ဆီသို့ ကြည့်လိုက်သည်။သွေးကို သတ်ချင်နေတဲ့လူကို သွေး မိ
အောင်ဖမ်းမှ ဖြစ်တော့မယ်။' ဦးထွန်းနဲ့ ရွှေရည့်ကို အကြောင်းကြားလိုက်။ပြီးရင် ဒယ်ဒီ့လူ
တွေကိုခေါ်ပြီး ခုနကတရားခံရအောင်ရှာဖမ်းလာခဲ့ ကြားလား 'ဝင်းလွင်က ခေါင်းငြိမ့်ကာ ခပ်သွက်သွက်အိမ်အောက်သို့ဆင်း
သွားသည်။' အာား . . . ကျွတ် ကျွတ် '
တီလေးညည်းသံကြားမှ တီလေးရှိနေတာကိုသတိပြန်ရလာပြီး
သွေး လှည့်ကြည့်တော့မှ တကယ်ထိခိုက်သွားသူ တီလေးဆီ
ပြေးရသည်။ဘုရား . . . ဘုရား တီလေးခေါင်းမှာသွေးတွေ
အများကြီးပဲ။တီလေးရဲ့ညာဘက်ချိုစောင်းပေါက်သွားပုံရပြီး
မျက်နှာပေါ်သို့ သွေးတွေစီးကျနေသည်။' တီလေး . . . သတိမလွတ်စေနဲ့နော်။သွေး ရွှေရည်တို့ကိုခေါ်
ထားတယ်။ခဏလောက် တင်းထားဦးနော် 'တီလေးကို မှန်ကွဲစတွေနဲ့လွတ်ရာတွင် နံရံကိုမှီ၍ထိုင်ခိုင်းလိုက်
သည်။ထို့နောက် တီလေးခေါင်းပေါက်သွားတဲ့အဓိကလက်နက်
သစ်သားတုံးကို သေချာကြည့်လိုက်ချိန်မှာတော့ သွေး ဒေါသ
တွေဆူပွက်သွားသည်။
YOU ARE READING
သက်တံ့ရောင်လိပ်ပြာ
Romanceစာအုပ်တခုဟာ အတိတ်ဖြစ်နိုင်သလို ပစ္စုပ္ပန်လို့လည်း ယူဆနိုင်တယ်။ဒါပေမယ့် လူတယောက်ရဲ့အနာဂတ်က ထိုစာအုပ်ပြဌာန်းထားသလို ဖြစ်နေခဲ့ရင် . . . လူတွေရဲ့ သနားစရာကံကြမ္မာက အရမ်းချစ်လွန်းရင် မုန်းသွားတတ်သလို အရမ်းမုန်းနေရင်းနဲ့ ချစ်သွားတတ်တယ် . . .