2nd Butterfly

1.8K 107 0
                                    

🌹Zawgyi🌹

' သမီးတို့ လာကြ . . . ဦးထွန်း အထုပ်တွေအပေါ်ကိုပို့ပေးပါ။
မိနု နင့်အမတွေကို အခန်းလိုက်ပြပေးလိုက် '

' အန်တီသဇင် သွေး မာမီ့အခန်းမှာပဲနေချင်တယ် '

အန်တီသဇင်က သွေးကိုတစ်ချက်ကြည့်ပြီး . . .

' ကောင်းပြီ '

မှာစရာရှိတာမှာပြီး ပြန်လှည့်ထွက်သွားသော အန်တီသဇင်မြင့်
က နာမည်နှင့်လိုက်အောင် အဆင့်အတန်းမြင့်မား၍ ဟိတ်ဟန်
ရှိသောအမျိုးသမီး။ဒယ်ဒီ့ညီမလို့မပြောရ လေသံကအစမောက်
မာသည်။

' အန်တီသဇင်က အခုသူ့ပိုးထည်တိုက်ကိုကိုယ်တိုင်ဦးစီးနေ
တယ်။သွေးအရွယ်မရောက်ခင် သွေးရမယ့်လုပ်ငန်းတွေကို သူ ထိန်းသိမ်းပေးနေတာ။ခဏနေရင် ငါ အပြင်ခဏသွားရဦးမယ်။
တခုခုလိုရင်နုနုကိုခေါ်လိုက်နော်။ဆေးတွေက အိတ်ပန်းရောင်
ထဲမှာရှိတယ်။ဒေါက်တာ့ဆီကိုဖုန်းခေါ်လိုက်ဦး။ပြီးတော့ . . . '

' ရွှေရည် ငါနားချင်ပြီ '

' အော် . . . အင်း နားလေ ဒါပေမယ့်ကတိတစ်ခုပေးသွား '

' ဘာကတိလဲ '

' ဒီမှာအနားယူဖို့လာတာ မဟုတ်တရုတ်တွေမလုပ်ဖို့ '

' ဒါတော့ အာမ မခံနိုင်ဘူး '

ရွှေရည်ကတော့ ခေါင်းနားပန်းကြီးသွားပြီး ' သွေး နင်နော် '
ဟု ဆွေ့ဆွေ့ခုန်ကာ ကျန်ခဲ့သည်။

နောက်ဆုံးတော့ မာမီနဲ့တူတူနေခဲ့တဲ့ မော်လမြိုင်ခြံကို ရောက်
လာပြီ။နှစ်ထပ်တိုက်ပုလေးရယ် ပန်းပင်တွေအပြည့်စိုက်ထား
တဲ့ ခြံဝင်းလေးရယ် အိမ်ဘေးတွင်ကပ်ဆောက်ထားသော အ
ဆောင်လေးရယ်။မာမီ့အခန်းက ထိုအဆောင်နဲ့ အနီးဆုံးဖြစ်
သည်။အဆောင်လေးက ပန်းခြုံ နွယ်တွေတက်နေကာ ဟိုဘက်
ခြံဘက်သို့ ဆက်ထားသောလမ်းကို မျက်နှာမူ၍ ပြတင်းပေါက်
ထုတ်ထားသည်။

ထိုအဆောင်ဘက်သို့ ရွှေရည်မသိအောင်လျှောက်လာပြီး ကြို
တောင်းထားသောသော့နှင့် ဖွင့်လိုက်သည်။အခန်းအပြည့်နီး
ပါးပန်းအိုးများတွဲလောင်းချိတ်ဆွဲထားပြီး ပက်လက်ကုလား
ထိုင်နှင့် စားပွဲပေါ်တွင် စာအုပ်အချို့ကိုစီစီရီရီတင်ထားသည်။
ဦးထွန်းကမှာထားသည့်အတိုင်း မာမီရှိတုန်းကအတိုင်းလက်
ရာမပျက်ထိန်းသိမ်းပေးထားသည်။ပြတင်းပေါက်ကို ဖွင့်ပြီး
လေကောင်းလေသန့်ကို တဝကြီးရှူ ရှိုက်လိုက်သည်။

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now