7th Butterfly

780 66 0
                                    

🤍Zawgyi🤍

ကိုတိမ်ယံက တိုးတိုးကပ်ပြောလိုက်သော်လည်း သွေးနားထဲ
မှာတော့ ကျယ်လောင်စွာပဲ့တင်နေသည်။ဘာတဲ့ . . .

' သွေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ကျွန်တော်နဲ့ ဆိုင်ခွဲဖွင့်ပွဲ
dinnerကိုတူတူတွဲတက်နိုင်မလား '

ဒါ သဘောလဲ? မဏိသွေးရယ် နင်အသိစိတ်ဝင်စမ်းပါ။သူက ဆရာဝန် နင်ကလူနာ။ဆေးထိုးလို့ရအောင် အာရုံလွှဲလိုက်တာပဲ
နေမှာပါ။တခြားဘာအဓိပ္ပာယ်မှမပါဘူး။

' ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး '

သွေးက ဆေးထိုးလိုက်သည့်နေရာကို ဂွမ်းနှင့်နာနာဖိနေရင်း
ခေါင်းငြိမ့်လိုက်သည်။ကိုတိမ်ယံက မတ်တပ်ရပ်လိုက်ပြီး ပြောစ
ရာကျန်သေးသလို သွေးကို ကြည့်သည်။

' သွေးကို ခြံစောင့်တယောက်နဲ့မိတ်ဆက်ပေးမယ်လို့ပြောထား
တယ်နော်။ဒီနေ့ ကျွန်တော်နဲ့ တခါတည်းပါလာတယ်။အလုပ်ခန့်
ဖို့ အဆင်ပြေမပြေ သွေး ထွက်တွေ့ကြည့်ပါလား? '

သွေး မျက်မှောက်ကျုံ့၍ မော့ကြည့်လိုက်သည်။

' ခြံစောင့်တယောက်ခန့်ဖို့ကို သွေးက တကူးတကထွက်တွေ့ရ
မှာလား ကိုတိမ်ယံ။ဒီလောက်ကတော့ ရွှေရည်နဲ့လွှတ်ထားလို့ရ
ပါတယ် '

ကိုတိမ်ယံက စိတ်ဆိုးပုံမရတဲ့အပြင် အပြုံးမပျက်ဘဲ ဆက်ပြော
သည်။

' သွေးကြောင့် သူချစ်ရတဲ့အမေနဲ့ ညီမလေးကို တပြိုင်နက်ဆုံးရှုံး
သွားတဲ့ လူကို သွေးမတွေ့ချင်ဘူးလား '

' ရှင် . . . '

သွေးကြောင့် သူချစ်ရတဲ့လူတွေကို ဆုံးရှုံးသွားတယ်ဟုတ်လား။
ကိုတိမ်ယံကို နားမလည်နိုင်စွာ ပြန်ကြည့်လိုက်သည်။

' ဆရာ . . . မဟုတ်မှလွဲရော '

ရွှေရည်က ခုမှရိပ်မိသွားပုံဖြင့် ကိုတိမ်ယံကို ကြည့်သည်။ကိုတိမ်
ယံက သွေးကို နောက်ဆုံးအကြိမ်ထပ်ခေါ်သဖြင့်သွေးသူ့နောက်
မှလိုက်သွားခဲ့သည်။

ခြံထဲတွင် သွေးတို့ကိုစောင့်နေသည့်လူကို မြင်လိုက်ရချိန်တွင်
သွေး အံ့သြသွားသည်။ဒါ ဒယ်ဒီ့ဟိုတယ်ကိုလိုက်သွားတုန်းက
ဧည့်သည်ရဲ့နာရီကိုခိုးလို့ ငါအလုပ်ထုတ်လိုက်တဲ့တယောက်မ
လား?

သက်တံ့ရောင်လိပ်ပြာWhere stories live. Discover now