Love But Painful
EP 2ကျမညဘက် အိပ်ရာထဲမှာလူးလွန့်နေမိတယ်. သူတို့မျက်နှာလေးတွေကိုမေ့ဖျောက်ပြီးအိပ်ပျော်နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ခဲ့ပါလား.
ရုတ်တရက် RM. Vနဲ့ Jhopeတို့ ကျမကို အူကြောင်ကြားကြည့်ခဲ့တာ ပြန်သတိရမိလိုက်တယ်. Vနည်းတူပဲ Jhopeလည်းကျမကို ခြေထောက်သက်သာလားလို့မေးခဲ့တယ်. ကျမပြန်မေးတော့ ဟိုလိုလိုဒီလိုလိုတွေဖြေပြီး ပြုံးဖြီးဖြီးလုပ်ပြလေရဲ့. ကျမပုံစံကပဲထော့ကျိုးရုပ်ပေါက်နေတာလားတော့မသိ. အရမ်းကြည်နူးစရာတစ်ခုကတော့ Sugaက ကျမကို aegyoပုံစံလုပ်ပြပြီး လက်ကောက်လေးကို ကိုယ်တိုင်ဝတ်ပေးပါလို့ပြောခဲ့တယ်. အချေပုံစံနေတတ်တဲ့သူက Aegyoလုပ်ပြတော့ Fansiteတွေကတောင် wowလို့အော်ကြတယ်. ကျမ အရမ်းကိုရင်တွေခုန်လာကာ ဖက်လုံးကြီးကိုဆွဲညှစ်ပြီး အော်နေမိလေရဲ့.JJ: Janmi aah. နာမည်ကြီးနေတာနင်လား.
JM: Onn. Wae?
JJ: ဒီမှာလေ. မနက်ကနင်ဝတ်သွားတဲ့ပုံစံပဲ. ဒီဆံပင်အရှည်ကြီးတွေနဲ့ နင်မှနင်အစစ်. Wahh. Janmi aah. နင်ဘယ်လိုတောင်ကံကောင်းခဲ့တာလဲ.
Jinjuက သူမရဲ့ဖုန်းလေးကိုထိုးပြကာ ကျမကိုကြည့်ပြီး လက်မောင်းကိုတဖြန်းဖြန်းရိုက်၏. ကျမလည်းသူမဖုန်းလေးကိုယူပြီးကြည့်လိုက်တော့ နောက်ကျောပုံပေမယ့် ကျမမှကျမအစစ်ပါ.
JM: BTS 7ယောက်လုံးရဲ့အလေးပေးမှုကိုခံခဲ့ရတဲ့Lucky Girlလေး?.
JJ: အေးလေ. နင်တော့လုံးဝကို Lucky Girlပဲ. ငါ့Vလေးကနင့်ကို လိပ်ပြာလို့ခေါ်ပြီး သီချင်းဆိုပြခဲ့တယ်ဆို. ပြီးတော့Jungkookကလည်းဖက်ခဲ့တယ်တဲ့. နင့်ကိုလည်း ကျနော့်မိန်းခလေးလို့ပြောခဲ့တယ်တဲ့. တကယ်လားဟယ်.
JM: အင်း
ကျမခေါင်းညိတ်ပြလိုက်တော့ Jinjuက အားခနဲအော်ကာ ကျမကိုလာဖက်တယ်. ကျမသူတို့ရေးထားတဲ့Captionလေးကိုကြည့်နေမိတယ်.
ESTÁS LEYENDO
Love But Painful
RomanceLove But Painful Intro ကျမ သူ့ကိုသိပ်ချစ်တယ် ဒါပေမယ့် သူကျမနှလုံးသားကိုကစားခဲ့တယ် #JanMi ကျနော် သူမမရှိဘဲမနေနိုင်ဘူး ဒါပေမယ့် သူမကျနော့်နှလုံးသားကိုနားမလည်ခဲ့ဘူး #JungKook ကျနော် သူမရဲ့နာကျင်မှုတွေကိုဖျောက်ဖျက်ပေးချင်ခဲ့တယ် ဒ...