하지만 고통 스러운 사랑. EP 9

2.7K 174 7
                                    

Love But Painful

EP 9

ကျမအဲဒီ​နေ့ညက Oppaကို Jungkookနဲ့ပတ်​သက်​​နေတာကိုဖွင့်​​ပြောပြခဲ့သင့်​တယ်​. ကျမ​ပြောလိုက်​ရင်​သူစိတ်​ဆိုးသွားမလား ဆိုတဲ့အသိစိတ်​နဲ့ ကျမစဉ်းစား​ပေးပါ့မယ်​လို့သာ Oppaကို​ပြောခဲ့တယ်​. နူးညံ့စွာနမ်းခဲ့တဲ့ Oppaရဲ့နှုတ်​ခမ်း​တွေကိုနှ​မြောမိတယ်​. ​တောင်းပန်​ပါတယ်​. ကျမဘယ်​လိုမှမတတ်​နိုင်​လို့ပါ.

             #####

ရက်​စက်​လိုက်​တာ JanMi. ကိုယ့်​ယုံကြည်​မှု​တွေကိုအလွဲသုံးစားလုပ်​လိုက်​ပြီ. ကိုယ်​မင်းအ​ပေါ်ထားတဲ့အချစ်​​တွေကိုမင်းရိုက်​ချိုးလိုက်​ပြီ. မင်း​က​ပေါ့ပျက်​ပျက်​​ပေးခဲ့​ပေမယ့်​ ကိုယ့်​အတွက်​မင်းရဲ့နှုတ်​ခမ်း​တွေဘယ်​​လောက်​တန်​ဖိုးရှိလဲဆိုတာ မင်းမသိခဲ့ဘူး. မင်းငါ့ကိုချစ်​တယ်​ဆိုတာဘယ်​လိုမျိုးလဲ. တခြားသူရဲ့ရင်​ခွင်​ထဲမှာငြိမ်​​နေရ​လောက်​​အောင်​ မင်းကအ​ပေါစားမိန်းမတစ်​​ယောက်​ဖြစ်​​နေခဲ့တာလား. ငါ့နှလုံးသားကိုနာကျင်​​အောင်​လုပ်​ခဲ့တဲ့အတွက်​ မင်း​နောင်​တရ​စေရမယ်​ JanMi. မင်းကငါ့အချစ်​နဲ့မတန်​ဘူး. . . . . . . . .

                 #####

JM: Jungkook sshi. . .

ကျမတံခါးကိုတဒုံးဒုံးထုကာ​အော်​​နေ​ပေမယ့်​ သူလာမဖွင့်​ခဲ့ဘူး. ၅မိနစ်​​လောက်​​နေမှ အိပ်​မှုံစုံမွှားနဲ့ လာဖွင့်​​ပေးပြီး ကုတင်​​ပေါ်မှာပြန်​လှဲချကာပြန်​အိပ်​သွားတယ်​. ကျမအခန်းထဲကိုမျက်​လုံး​ဝေ့ကြည့်​လိုက်​ကာ တံခါးကိုပြန်​ပိတ်​လိုက်​တယ်​. ပြန့်​ကျဲ​နေတဲ့ဘီယာဘူးခွံ​တွေနဲ့ အာလူး​ကြော်​ထုပ်​​တွေ​တွေ့ရတယ်​. မ​နေ့ညကသူ​သောက်​ထားတာလား. ကျမသူအရက်​​သောက်​တတ်​တယ်​လို့ လုံးဝသိမထားဘူး​လေ. ကျမအလျင်​အမြန်​ပဲ​ကောက်​သိမ်းကာအမှိုက်​ပုံးထဲထည့်​ပြီး သူ့အိပ်​​နေတဲ့နားကိုသွားကာ သူ့လက်​​မောင်းကိုလှုပ်​ရင်းနှိုးလိုက်​တယ်​.

JM: Jungkook sshi. ထ​တော့​လေ ၁၁နာရီထိုးရင်​ပြန်​ရ​တော့မှာ. အခုမနက်​စာစားရမယ်​.

သူကလုံးဝမလှုပ်​​.

JM: Jungkook sshi. . . . . အဲဒါဆို ကျမတခြားလူ​တွေကိုသွားနှိုးလိုက်​မယ်​​နော်​. ခဏအိပ်​ပြီးထွက်​လာခဲ့​တော့​နော်

Love But PainfulTempat cerita menjadi hidup. Temukan sekarang