하지만 고통 스러운 사랑. EP5

3.3K 193 4
                                    

Love But Painful

EP 5

ကျမ ကွန်​ဒိုအနီးနားကMini market​လေးမှာ အိမ်​အတွက်​လိုအပ်​တာ​တွေသွားဝယ်​ပြီးပြန်​လာခဲ့တယ်​.

Forever We are young(ph ring)

JM: Hello.

V: Nabi sshi???

JM: Taehyung Oppa??? o_O

ကျမလန့်​ကာမျက်​လုံးပြူးသွားတယ်​. ဒါ​ပေမယ့်​ ကျမကJungkookအိမ်​မှာ​နေ​နေတာ ဒီ​လောက်​ကအဆန်းမဟုတ်​ဘူးလို့​တွေးမိ​တော့ ကျမပြုံးလိုက်​တယ်​.

V: မှတ်​မိသားပဲ​နော်​.

JM: ကျမကိုNabiလို့​ခေါ်တာ Taehyung oppa တစ်​​ယောက်​ထဲရှိတာပါ.

V: ဟုတ်​လား. အင်း ဟုတ်​တယ်​​နော်​ ဒါကျ​နော်​​ပေးခဲ့တဲ့နာမည်​ပဲဟာ.

JM: အင်း....

ကျမတို့နှစ်​​ယောက်​အသံ​တွေ ခဏတိတ်​သွားတယ်​. ကျမကပဲ စကားပြန်​ဆက်​လိုက်​တယ်​.

JM: တစ်​ခုခု​ပြောစရာရှိလို့လားOppa?

V: Arrni ဒီတိုင်းပဲ. အဆင်​​ပြေရဲ့လား သိချင်​လို့ပါ.

JM: အဆင်​​ပြေပါတယ်​Oppa. စိတ်​မပူပါနဲ့.

V: ဟုတ်​လား. အခုဘယ်​မှာလဲ.

အို. Jungkookမ​ပြောပြထားဘူးလား. ဘာလို့မ​ပြောတာလဲ. ဒါဆိုကျမကို လူမသိ​အောင်​​ပေး​နေတာ​ပေါ့. ကျမအသံတိတ်​​နေ​မိတယ်​.

V: Nabi sshi. ကြားရဲ့လား.

JM: Nae!!!

V: အခုဘယ်​မှာ​နေ​နေလဲလို့​မေးတာပါ.

JM: ahh nae. အခု ဂန်းနမ်​နားကမိုတယ်​တစ်​ခုမှာ​နေ​နေတာပါ.

V: ဂန်းနမ်​လား. အဲဒါဆို ဒီည​တွေ့ရ​အောင်​. Nabiကို​ပေးစရာရှိလို့ပါ.

JM: ​ahh nae. ကျမထွက်​လာခဲ့ပါ့မယ်​.

Vကသူလာမယ့်​အချိန်​ကို​ပြောကာဖုန်းချသွားတယ်​. ​ပေးစရာရှိတယ်​ဆိုတာကိုကျမစဉ်းစား​နေမိတယ်​. ကျမဘာကျန်​ခဲ့ပါလိမ့်​. စဉ်းစားရင်းအိမ်​​ရှေ့ကိုပြန်​​ရောက်​လာတယ်​. ကျမ လျှို့ဝှက်​နံပါတ်​ကိုနှိပ်​​နေတုန်းမှာ ​ဘေးအခန်းကအမျိုးသမီးဟာ ကျမကို ထူးဆန်းတဲ့မျက်​လုံးနဲ့ကြည့်​ကာ ကျမ​ဘေးကဖြတ်​သွားတယ်​. ကျမလည်း ဘာမှမစဉ်းစား​တော့ဘဲအိမ်​ထဲဝင်​လာကာ ည​နေစာအတွက်​ပြင်​ဆင်​​နေခဲ့တယ်​.

Love But PainfulOnde histórias criam vida. Descubra agora