Love is not over သီချင်းလေးနားထောင်ပြီးဖတ်ရင်ပိုကောင်းပါတယ်နော်
Love but Painful
EP 11
စာရွက်အဖြူလေးတစ်ရွက်ကိုတုန်ယင်နေတဲ့လက်နဲ့ကိုင်ထားရာက လုံးချေလျက်နံရံဆီသို့ပစ်ပေါက်လိုက်ပြီး စားပွဲပေါ်မှာရှိနေတဲ့ ပန်းအိုးနှင့်စာရေးကရိယာတွေကိုကြမ်းပြင်ပေါ်သို့ဆွဲချကာ အရူးတစ်ယောက်လိုအော်ဟစ်ပစ်လိုက်တယ်. ဘာတွေလဲ. နားမလည်တော့ဘူး. သူမဘာတွေလျှောက်လုပ်နေတာလဲ.
ဒေါသကြောင့်မျက်နှာများနီမြန်းကာ ကုတ်အကျီအိတ်ထဲကဖုန်းကိုထုတ်လျက် နံပါတ်၁ကိုဖိနှိပ်ထားလိုက်တယ်.
"" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ လိုင်းမအားပါသဖြင့်...""
""တောက်""
သူဖုန်းကိုဘီဒီမှန်ဆီသို့ပစ်ပေါက်ပစ်လိုက်တော့ ခွမ်းခနဲကွဲကျသွားတဲ့ မှန်စတွေကို သူ့ခြေထောက်ကိုလာစင်သည်.
"" JanMi aah ...အဲလိုမလုပ်ပါနဲ့ Jelba""
သူ ကုတင်ကိုမှီလျက် အရုပ်ကြိုးပြတ်ထိုင်ချလိုက်ကာ ဆံပင်တွေကိုခပ်ကြမ်းကြမ်းဆွဲဆုပ်လိုက်သည်.
သူမနဲ့တူတူအရာအားလုံးကို သတ္တိရှိရှိရင်ဆိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ သူမဘာလို့ပျောက်ကွယ်သွားရတာလဲ. မခေါ်ဘဲနဲ့ရောက်လာခဲ့ပြီး သူ့ရင်ထဲမှာစူးစူးနစ်နစ်နေရာယူခဲ့ပြီးတော့မှ မနှင်ဘဲနဲ့ပြန်ထွက်ပြေးသွားတာ ဘာသဘောလဲ.
သူ့ကိုချစ်တယ်လို့တဖွဖွပြောခဲ့တဲ့မိန်းကလေး...
ထွက်သွားတဲ့အချိန်မှာတောင် သူ့ကိုချစ်တယ်လို့ပြောခဲ့သေးတာ...ချစ်တယ်ဆိုဘာလို့ထားခဲ့တာလဲ...
ချစ်တယ်ဆိုဘာလို့ရင်နာအောင်လုပ်ရတာလဲ...
ချစ်တယ်လို့တဖွဖွပြောတတ်တဲ့နှုတ်ခမ်းလေး... ချစ်တဲ့အရိပ်အယောင်တွေအပြည့်ပါတဲ့ မျက်လုံးဝိုင်းဝိုင်းလေး... ရှက်သွေးဖြာတိုင်းနီရဲလာတတ်တဲ့နှာခေါင်းလုံးလုံးလေး ... သူမနဲ့ပတ်သက်သမျှအရာအားလုံးကို လွမ်းတယ်...
ŞİMDİ OKUDUĞUN
Love But Painful
RomantizmLove But Painful Intro ကျမ သူ့ကိုသိပ်ချစ်တယ် ဒါပေမယ့် သူကျမနှလုံးသားကိုကစားခဲ့တယ် #JanMi ကျနော် သူမမရှိဘဲမနေနိုင်ဘူး ဒါပေမယ့် သူမကျနော့်နှလုံးသားကိုနားမလည်ခဲ့ဘူး #JungKook ကျနော် သူမရဲ့နာကျင်မှုတွေကိုဖျောက်ဖျက်ပေးချင်ခဲ့တယ် ဒ...