Love But Painful
EP 7
ကျမဘ၀မှာ အိပ်မက်မက်နေသလားလို့ထင်ရတဲ့ကိစ္စတွေဖြစ်ပျက်ခဲ့တဲ့အထဲမှာ သူနဲ့ချစ်သူဖြစ်ခဲ့ရတာကမနိုးထချင်ဆုံးအိပ်မက်ဖြစ်ခဲ့တယ်.
ကျမတို့ညတိုင်းဖုန်းခိုးပြောကြတယ်. ကျမသူနဲ့ချစ်တဲ့အကြောင်းတွေကိုပြောနေရတာဟာ လက်တွေ့ဘ၀မှာဖြစ်လာမယ်လို့မထင်ထားခဲ့လို့ တကယ်တမ်းပြောဖြစ်တော့ စိတ်ကူးထဲကလို ချောချောမွေ့မွေ့ဖြစ်မနေခဲ့ဘူး. သူက ကျမဗရုတ်သုတ်ခစကားတွေပြောတိုင်း ကလေးတစ်ယောက်လိုတခိခိရယ်တယ်. တစ်ခါတစ်လေ သူ့ဆီက လက်ထပ်ကြမယ်ဆိုတဲ့စကားလေးကြားရရင် ကျမဘာကိုမျက်နှာပူမှန်းမသိ အရာရာကိုရှက်သွေးဖြာကာ စကားတွေဆွံ့အရတယ်. သူသ၀န်တိုနေတဲ့အခါ အသံလေးကသိပ်ကိုချစ်စရာကောင်းလွန်းလို့ ကျမကိုယ့်ကိုယ်ကိုယ်ကုတ်ဖဲ့မိတဲ့အထိအသည်းတွေယားရတယ်. သူ့ကိုသိပ်ချစ်တဲ့ကျမ သူဘာတွေလုပ်လုပ်နားလည်ခွင့်လွှတ်နေမိတယ်. ကျမသူ့ကိုအရမ်းချစ်ပါတယ်. ကျမအသက်ကိုစွန့်လွှတ်ပြီး သူ့ကိုကာကွယ်ပေးရလောက်တဲ့အထိ သူ့အတွက်ပေးဆပ်ချင်မိတယ်. ကျမကအဲလိုစကားတွေပြောတိုင်း သူကစိတ်ဆိုးတတ်တာကြောင့် သိပ်မပြောဖြစ်ခဲ့ဘူးလေ.
ကျမတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ သိုသိုသိပ်သိပ်နဲ့ပဲ အေးချမ်းနေခဲ့တယ်လေ. Fanတွေသောင်းကျန်းလို့ ကျမတို့နှစ်ယောက် ကွဲကွာရမှာကို ကျမသိပ်ကြောက်တယ်. အဲဒါကြောင့်ဘယ်သူမှမသိရအောင် တိုးတိုးတိတ်တိတ်ပဲခိုးပြီးချစ်နေရတယ်. ကျမသူ့လက်ကိုတွဲပြီးလူပုံအလယ်မှာလျှောက်သွားချင်တယ်. သူ့လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး နေရာအစုံကိုလျှောက်လည်ချင်တယ်. ညဘက်တိုင်းမီးရောင်စုံလင်းနေတဲ့ဟန်မြစ်ကမ်းဘေးမှာ သူ့ပုခုံးကိုမှီပြီး သူနဲ့အတူတူအချိန်တွေကုန်ဆုံးချင်တယ်. ဒါပေမယ့် Idolတစ်ယောက်ရဲ့ချစ်သူဖြစ်နေရတဲ့ကျမဟာ သူ့စိတ်နဲ့ပဲအရာရာကိုသည်းခံပြီးနေတတ်နေခဲ့တယ်.
ESTÁS LEYENDO
Love But Painful
RomanceLove But Painful Intro ကျမ သူ့ကိုသိပ်ချစ်တယ် ဒါပေမယ့် သူကျမနှလုံးသားကိုကစားခဲ့တယ် #JanMi ကျနော် သူမမရှိဘဲမနေနိုင်ဘူး ဒါပေမယ့် သူမကျနော့်နှလုံးသားကိုနားမလည်ခဲ့ဘူး #JungKook ကျနော် သူမရဲ့နာကျင်မှုတွေကိုဖျောက်ဖျက်ပေးချင်ခဲ့တယ် ဒ...