하지만 고통 스러운 사랑. EP 14

2.8K 172 10
                                    

အ​ဆွေးသီချင်း​လေး​တွေနား​ထောင်​ပြီးဖတ်​ရင်​ပိုဖတ်​လို့​ကောင်းပါတယ်​​နော်​. အာသာနား​ထောင်​တဲ့သီချင်း​တွေက
BTS Jungkook If you
Ailee Goodbye my love
IU You are always like that

Love but Painful

EP 14

သူမသူ့ဆီမလာ​တော့တာ ၁လ​ကျော်​ခဲ့ပြီ.... ထွက်​သွားဆိုတာနဲ့ပဲ တကယ်​ပဲ​ပျောက်​ကွယ်​သွားရလား.... သူ့ကိုချစ်​တယ်​ဆိုတာ မဟုတ်​ဘူးထင်​ပါတယ်​...

သူမမရှိ​တော့​မေ​မေလာ​နေ​ပေးတာ​ကြောင့်​ အဆင်​​ပြေ​နေ​ပေမယ့်​ စိတ်​ထဲမှာတစ်​ခုခုလိုအပ်​​နေသလိုခံစား​နေရသည်​.... စိတ်​ထဲမှာလည်းအရမ်းထူးဆန်း​နေပြီး ရင်​ထဲမှာအရမ်းဝမ်းနည်း​နေသည်​.....

သူချိုင်း​ထောက်​မပါဘဲလမ်း​လျှောက်​နိုင်​​နေပြီဖြစ်​တာ​ကြောင့်​ ​အိမ်​ထဲမှာပတ်​​လျှောက်​​နေရင်းက နာရီကိုလှမ်းကြည့်​လိုက်​​တော့ ည၁၁နာရီ​ကျော်​​နေပြီ... ​မေ​မေ့အခန်းကိုသွားကာ အသာ​လေးတံခါးဖွင့်​ကြည့်​လိုက်​​တော့ ​မေ​မေကအိပ်​​ပျော်​၍​ဟောက်​​တောင်​​ဟောက်​​နေပြီ.... သူကုတ်​အကျီအရှည်​ကို ခပ်​သွက်​သွက်​၀တ်​ကာ maskတပ်​လိုက်​ပြီး အပြင်​ထွက်​လာခဲ့သည်​..... ဒီအချိန်​ဆို သူ့စိတ်​ထဲမှာတာဝန်​၀တ္တရားတစ်​ခုခုရှိ​နေသလိုခံစားရပြီး သူမသိတဲ့​ကော်​ဖီဆိုင်​​လေးကိုပဲစိတ်​က​ရောက်​​နေမိသည်​.... သူ​ခြေဦးတည့်​ရာ​လျှောက်​လာရင်း တစ်​စုံတစ်​​ယောက်​က​ရှေ့မှ​ခေါ်​ဆောင်​သွားသလိုခံစားရပြီး မထင်​မှတ်​ဘဲလမ်းချိုး​ကွေ့​လေးက ​ကော်​ဖီဆိုင်​​လေးကိုအမှတ်​မထင်​မြင်​လိုက်​တဲ့အချိန်​.... သူတစ်​ကိုယ်​လုံး​အေးစက်​​တောင့်​တင်းသွား၏.

JK: ဒါ .... ဒါ ....ငါဒီကိုဘယ်​လို​ရောက်​​နေတာလဲ...

မပိတ်​​သေးတဲ့ဆိုင်​​လေးဆီကိုဖြည်းညှင်းစွာ​လျှောက်​သွား​နေမိသည်​....
ဒီဆိုင်​ကိုတစ်​ခါမှမ​ရောက်​ဖူး​ပေမယ့်​ လာ​နေကျဆိုင်​တစ်​ဆိုင်​လိုအရာအားလုံးကရင်းနှီး​နေတယ်​.... သူဆိုင်​ထဲကိုဝင်​လိုက်​​တော့ ​ဆံပင်​အတိုနဲ့​ကောင်​မ​လေးတစ်​​ယောက်​ ​ကောင်​တာမှာမတ်​တပ်​ရပ်​​နေတာ​တွေ့လိုက်​ရ၏.

Love But PainfulOnde histórias criam vida. Descubra agora