하지만 고통 스러운 사랑. EP 13

2.7K 169 12
                                    

Love But Painful

EP 13

သူ​ဆေးရုံကဆင်းတဲ့​နေ့မှာ fan​တွေ​ကြောင့်​ ​ဆေးရုံတစ်​ခုလုံးဝရုန်းသုန်းကားဖြစ်​ကုန်​တယ်​. ၀ှီးချဲနဲ့လက်​မှာ​ကျောက်​ပတ်​တီးနဲ့သူ့ကို မကြည့်​နိုင်​ကြဘူးထင်​ပါရဲ့... သူမနာတဲ့လက်​တစ်​ဖက်​နဲ့အကုန်​လုံးကို တာ့တာပြကာ ကား​ပေါ်​ရောက်​​တော့ Maskကိုဆွဲချွတ်​လိုက်​တယ်​. ​စော​စောကဖြစ်​ခဲ့တဲ့ကိစ္စကိုစဉ်းစားပြီး ​အောင့်​​တက်​လာတဲ့ရင်​ဘတ်​ကိုဖိကာ သက်​ပြင်းတစ်​ချက်​မှုတ်​ထုတ်​လိုက်​တယ်​. ဒီ​ကောင်​မ​လေးနဲ့ပတ်​သက်​သမျှ သူ့မှတ်​ဥာဏ်​ထဲမှာလုံးဝမရှိ​ပေမယ့်​ အကုန်​လုံးက တစ်​ညီတစ်​ညွတ်​ထဲ သူ့​ချစ်​သူမိန်းက​လေးပါလို့ဝိုင်း​ပြော​နေကြတာ သိပ်​အံ့သြစရာ​ကောင်းတာပဲ. ၀ိဥာဉ်​​တွေဘာ​တွေ​ပြောင်းသွား​သေးတာလားလို့​တွေးရင်း ကြက်​သီး​တွေ​တောင်​ထလာမိ၏. ဘာပဲဖြစ်​ဖြစ်​ ထူးဆန်း​နေတာက​တော့​သေချာတယ်​. သူမမျက်​နှာကို​တွေ့လိုက်​တိုင်းရင်​ဘတ်​က​အောင့်​​အောင့်​လာတတ်​တာ သူသတိထားမိ​နေတယ်​. သူမကိုလုံးဝမမြင်​ဖူး​ပေမယ့်​ အရမ်းရင်းနှီး​နေသလိုခံစားရတယ်​. သူရူး​နေတာမဟုတ်​ဘူးလား.

တရိပ်​ရိပ်​​ပြေးလွှား​နေတဲ့ လမ်းမတစ်​​လျှောက်​ကသစ်​ပင်​​တွေကို​ငေးကြည့်​ရင်း သူမနက်​ကအ​ကြောင်းကိုပြန်​စဉ်းစား​နေမိတယ်​...

Flashback >>>>>>>>

သူ​ဆေးရုံအကျီလဲဖို့အတွက်​ ​နောက်​မှာပစ္စည်း​တွေသိမ်းဆည်း​နေတဲ့ JanMiဆိုတဲ့သူမကိုအလိုမကျစွာလှည့်​ကြည့်​လိုက်​တယ်​. ဘယ်​လို​ကောင်​မ​လေးလဲမသိဘူး. အလိုက်​တသိနဲ့​ရှောင်​​ပေးရမှာမဟုတ်​ဘူးလား. သူ​ဆေးရုံတက်​​နေတဲ့၂ပတ်​လုံး တစ်​ရက်​မှမပျက်​​အောင်​ သူ့​ဝေယျာဝစ္စ​တွေကိုလုပ်​​နေခဲ့တယ်​. ဘာစကားမှလည်းမ​ပြော သူ့ကိုလည်းမကြည့်​. Hyungတို့လာမှသာသူမအသံကိုကြားရ​တော့တယ်​. တစ်​ညက သူအိပ်​​နေတုန်း သူ့လက်​ကိုသူမဆုပ်​ကိုင်​လိုက်​တာ​ကြောင့်​ လန့်​နိုးသွား​ပေမယ့်​ သူမဘာလုပ်​မလဲသိချင်​တာ​ကြောင့်​ ငြိမ်​​နေလိုက်​တယ်​. သူ့လက်​​ပေါ်မှာအချိန်​အ​တော်​ကြာ​အောင်​ရှိုက်​ငို​နေခဲ့ပြီးမှ မတ်​တပ်​ထရပ်​ကာ သူ့နဖူးကိုဖွဖွ​လေးနမ်းလိုက်​​တော့ သူရှက်​လည်းရှက်​ ရင်​​တွေလည်းတုန်​သွားပြီး ရင်​ထဲမှာလည်းဝမ်းနည်းလာသလိုတစ်​မျိုးကြီးခံစားလိုက်​ရတာ​ကြောင့်​ သူ သူမကို​ကျော​​ပေးလိုက်​ပြီး သက်​ပြင်းခိုးချလိုက်​တယ်​. သူမက​တော့လုပ်​​နေကျအတိုင်း သူ့ကို​စောင်​လုံလုံခြုံ​ပေးကာ ​ရေ​နွေးခွက်​က​လေးကိုယူလျက်​ အပြင်​ကိုထွက်​သွား​တော့တယ်​. သူမကိုစိတ်​ရှုပ်​​ပေမယ့်​ ​ဘေးနားမှာသူမရှိ​နေတာ သူ့အတွက်​အားတက်​​စေသလိုခံစားရတယ်​.

Love But PainfulTempat cerita menjadi hidup. Temukan sekarang