16+ romanceများပါပါသည်.
Don't bash me and sorry for that.
Songs: Crush- beautiful
BTS- butterflyLove But Painful
EP 16 (Final)
JK: ကိုယ်တို့လက်ထပ်ကြရအောင်နော်...
ဆွံ့အမှုနဲ့အတူဘာစကားမှထွက်ကျမလာခဲ့... သူကဘောင်းဘီအိတ်ထဲကလက်စွပ်လေးကိုထုတ်ကာ ကျမရဲ့လက်သူကြွယ်လေးမှာစွပ်ပေးရင်း နောက်လက်စွပ်လေးတစ်ကွင်းကိုကျမလက်ကလေးထဲထည့်ပေးတော့ ကျမတုန်ယင်နေတဲ့လက်ကလေးနဲ့ သူ့လက်ကလေးမှာစွပ်လိုက်ရင်း ကြောင်ကာကြည့်နေမိသည်.
မျှော်လင့်တောင့်တခဲ့တဲ့လက်ထပ်ပွဲလေးထက်ပြည့်စုံတဲ့လက်ထပ်ပွဲလေး... သူဖန်တီးပေးခဲ့တယ်... သူ့မျက်နှာကအပြုံးတွေကို ကျမဒီတစ်သက်မေ့မရတော့ဘူးထင်ပါတယ်ကွယ်...
JK: အရင်ကမတွေ့ခဲ့ရတဲ့အချိန်တွေအစား နောက်အနာဂတ်မှာ အရမ်းချစ်ပြီး ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ အရာအားလုံးကိုခွင့်လွှတ်သည်းခံပြီး တစ်သက်လုံးစောင့်ရှောက်ပေးပါ့မယ်လို့ကတိပေးပါတယ်....
JM: အရင်ကမတွေ့ခဲ့ရတဲ့အချိန်တွေအစား နောက်အနာဂတ်မှာ အရမ်းချစ်ပြီး ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ သစ္စာရှိပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်စေရမယ်လို့ကတိပေးပါတယ်...
သူ့အပြုံးတွေ သိပ်ကိုတောက်ပနေလိုက်တာ... ခပ်ဖွဖွနမ်းတဲ့နှဖူးပေါ်ကအနမ်းလေးဟာ ရင်ခုန်သံတွေကိုနှစ်ဆပိုမြန်လာအောင်ဆောင်ကျဉ်းပေးနေသလို....
JK: ချစ်တယ် JanMi aah...
JM: ချစ်တယ် မောင်... အရမ်းချစ်တယ်...
မောင့်ရင်ခွင်ထဲမှာအားကိုးတကြီးခိုဝင်မိတဲ့အချိန် မောင်ပွေ့ဖက်လာတဲ့တင်းတင်းကျပ်ကျပ်လက်ကလေးတွေဟာ ဘယ်တော့မှမထားခဲ့ပါဘူးလို့ကတိပေးနေသယောင်...
ESTÁS LEYENDO
Love But Painful
RomanceLove But Painful Intro ကျမ သူ့ကိုသိပ်ချစ်တယ် ဒါပေမယ့် သူကျမနှလုံးသားကိုကစားခဲ့တယ် #JanMi ကျနော် သူမမရှိဘဲမနေနိုင်ဘူး ဒါပေမယ့် သူမကျနော့်နှလုံးသားကိုနားမလည်ခဲ့ဘူး #JungKook ကျနော် သူမရဲ့နာကျင်မှုတွေကိုဖျောက်ဖျက်ပေးချင်ခဲ့တယ် ဒ...