~~အပိုင်း(1)~~
ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ဖူးတဲ့
ဟမ္မူ.ရာဘီကိုဓဥပဒေ......။မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး
ပေးဆပ်ရသလို လက်ညှိုးတစ်ချောင်းအတွက်
လက်ညှိုးတစ်ချောင်း ပေးဆပ်ရတယ်...။အဲ့ဒီ့အယူအဆတစ်ခု သူသိပ်သဘောကျတယ်။
သူလည်းအဲ့လိုမျို.း တောင်းခံခဲ့ဖူးတယ်။
သူကတော့... မျက်လုံးတစ်လုံးလည်း
မဟုတ်ခဲ့သလို လက်ညှိုးတစ်ချောင်းလည်း
မဟုတ်ခဲ့ဘူး......။သူတောင်းခံခဲ့တဲ့အရာတစ်ခုက......။
>>>>>>>>>>
ဖြောင့်ဖြူ.းနေတဲ့ လမ်းမထက် စက်ဘီးလေး
ဖြတ်နင်းရင်း လေတွေတဟူးဟူး တိုက်ခတ်နေတဲ့
ကမ်းစပ်နားက ခုံလေးမှာ ရပ်တန့်ပစ်လိုက်သည်။စက်ဘီးအားဒေါက်ထောက်နေစဉ် ချစ်ရသူက
ခုံမှာဝင်ထိုင်နှင့် နေပြီ......။သူမဘေးတွင် သူဝင်ထိုင်လိုက်တော့
အလိုက်တသိပင် ပခုံးပေါ်မှီနွဲ့လာသည့်
ခေါင်းလေးအား လက်ကလေးဖြင့် ထိန်းကိုင်ကာ
လေအဝှေ့မှာ လွင့်မျှောနေသည့် ဆံနွယ်တွေအား
သူအမြတ်တနိုးနမ်းရှိုက်လိုက်သည်...။သူသိပ်ချစ်ရတဲ့မမရဲ့ ဆံနွယ်လေးတွေက
ဘယ်အချိန်နမ်းရှိုက်နမ်းရှိုက် ရိုးအီခြင်းမရှိ။"baek~~မောင် မမုန်းဘူးလား?"
"kai~~ဘာကိုလဲ?"
"baek~~မမဆံပင်တွေလေ တွေ့တိုင်း
ဒီဆံပင်လေးတွေပဲ နမ်းနေတာပဲ""kai~~မောင်ပြောပြီးသားလေ မမဆံပင်လေး
တွေကို မောင်အရမ်းမြတ်နိုးပါတယ်လို့""baek~~ဆံပင်လေးတွေ မြတ်နိုးတယ်ဆိုတော့
လူမပါဘူးပေါ့နော် မောင်""kai~~ဟင့်အင်း ဆံပင်လေးတွေက မြတ်နိုးတာ
လူလေးကတော့ ...""baek~~ဘာဖြစ်လဲ?"
"kai~~ပြောပြမတတ်အောင် ချစ်တာ"
"baek~~သွားပါအပိုတွေ တွေ့ရင်တော့
စကားလုံးလှလှလေးတွေနဲ့ ရုန်းထွက်မရအောင်
ချည်တာပါပဲ နောက်ကွယ်ကျတော့ သတိမရဘူး
မလား?"
YOU ARE READING
ဟမ္မူ.ရာဘီကိုဓဥပဒေ
Fanfictionအညှိုးအတေးကြီးလွန်းတဲ့ Kim Jong In^ လိုချင်တာကို မရရအောင် ယူတတ်တဲ့ Park Chan Yeol^ အချစ်နဲ့အိမ်ထောင်ရေးကြား ဗြာများနေတဲ့ Byun Baekkie^ ချစ်တတ်လွန်းတဲ့ Soo^ အချစ်/အမုန်း/အတ္တ/မာန/ပြိုင်ဆိုင်မှုကြားက သူတို့လေးယောက်ရဲ့ အဆုံးသတ်က....???