Final

6.7K 606 50
                                        

Cheer Up! Teacher Jong

~ Kyung Soo ; Kyungie ရေ ကလေး ထတော့လေ ထမင်းစား ချိန်ရောက်နေပြီ

အပြင်ဘက်ကနေ Teacher Jong ကြီးက သူ့ အခန်း ကို ခေါက်ကာ မေးနေသည် Kyung Soo ကတော့ ညနေ က ရေတွေကြောင့် လူ က နုန်းချိကာ ဖျားချင်နေတာကြောင့် သူ ပြန်ဖြေ ချင်ပေမယ့် မဖြေမိအား

~ Kyung Soo ကိုယ်ဝင်လာပီနော်

Jongin ပြောရင်း အခန်းတံခါး ဖွင့်ကာ ၀င်လာ ခဲ့သည်

အခန်းထဲရောက်တော့ စောင်ပုံလေး ထဲ ကွေးနေတဲ့ Kyung Soo ကိုလည်း မြင်ရော သူ အပြေးသွားကာ Kyung Soo ခုတင်ပေါ် ၀င်ထိုင်ရင်း

~ ကလေး ဖျားနေတယ် ကိုယ်တွေလည်း ပူကျပ် နေတာဘဲ

Jongin သူ သူ့ရှေ့က ကလေးလေး ရဲ့ နှဖူး လေးကို အသာ စမ်းကြည်ရင်း စိုးရိမ် တကြီးပြောလိုက်သည်

~ ဆေးရုံ သွားရမယ်

ဟု ဆိုကာ ရုတ်တရက် ပွေ့ချီ ဖို့ လုပ်လိုက်တော့ Kyung Soo က သူ့လက် တွေကို စုပ်ကိုင်ကာ

~ မသွားဘူး ရတယ် ဆေးသောက်လိုက်ရင် သက်သာ မှာ

Kyung Soo ပြောပေမယ့် Jongin သူ Kyung Soo စကား ကို နားမထောင်ဘဲ Kyung Soo ကို ပွေ့ချီကာ ဆေးရုံ ခေါ်လာခဲ့သည်

~~~~~~~~××××××~~~~~~

Kyung Soo သူ ဆေခန်း တက်နေတဲ့ ၂ ရက်လုံးလုံး သူ့ဘေး နားကနေ တစ်ဖဝါး မှ မခွာဘဲ အရိပ်တကြည့်ကြည့် လုပ်နေတဲ့ ဒီလူကြီးကို အကဲပို လှချည်ရဲ့ ဆိုပြီး လည်း အပြစ် မတင်နိုင် တစ်ချိန်လုံး သူ့ဘေး မှာ အရိပ် တကြည့်ကြည့် လုပ်နေတဲ့ ဒီလူကြီးက အခုလည်း ကြက်စွပ်ပြုတ် ပူနွေးနွေး ပန်းကန်ကြီးကို တဖူးဖူး မှုတ်ရင်း သူ့ကို ၃ နှစ်သား ကလေး တစ်ယောက် လို ဂရု စိုက်နေသည် မဟုတ်လား

~ ဒီမှာ

Kyung Soo စားနေရင်း သူ့ကို ခေါ်လိုက်တော့ Jongin အပြုံးလေး နဲ့ မော့ ကြည့်လိုက်သည်

~ ကလေး ဘာလို ချင်လို့ လဲ

အချစ်တွေ အပြည့် နဲ့ ပြောနေတဲ့ သူ့ အသံကြောင့် Kyung Soo ပြုံးမိသွားလေရဲ့ သူက အရင်တုန်း ကလို လူဆိုးလေး ဖြစ်ရင်ရော ဒီလူ ကြီးက ချစ်ဉီးမှာလား ဆိုတာ လည်း သိချင်လာမိ

Cheer Up!Teacher JongWhere stories live. Discover now