Cheer Up!! Teacher Jong
A/N.. (Fic အသစ်လေး တင်ထားတယ်နော်My World is You တဲ့ အားပေး ကြဉီးနော် )
Jongin သူ သိပ်ချစ်ရတဲ့ Kyungie လေးနဲ့ အတူ တွေ့နေရတော့ အရာရာ မေ့နေလေသည် ပြီးမှ မိုးလင်း ခါနီးမှ သတိ ပြန်ရပြီး
~ Kyungie ah~ ကိုယ် ပြန်တော့မယ်နော် Omma တို့ မနိုးခင် ပြန်ရောက်မှ ဖြစ်မှာ
သူ့ ရင်ခွင်ထဲ မှာ အိပ်နေတဲ့ Kyung Soo နှဖူးလေး ကို နမ်းရင်း ပြောလိုက်တော့ Kyung Soo က သူ့ ရင်ခွင်ထဲ ပိုပြီး ခေါင်းတိုး ၀င်ကာ
~ မပြန်ပါ နဲ့တော့လား
Kyung Soo စကားကြောင့် Jongin တွေဝေ သွားသည်...Kyung Soo မျက်ဝန်း တွေကို ကြည့်တော့လည်း သူ့ အဖြေကို ငံ့လျင့် နေတဲ့ မျက်ဝန်း နက်လေးတွေ
~ အခု ပြန်သွားလို့ ထပ်ဝေး ရရင် ရော
Kyung Soo က မေးလေတော့ သူ Kyung Soo မေးဖျား လေး ကို အသာ ဆွဲမော့ရင်း
~ ကိုယ်ကတော့ ဘယ်လို အခက် အခဲဘဲ ရှိရှိ Kyung Soo ကို လက်မလွတ် ဘူးးးအခက် အခဲ တွေကို တူတူ ရင်ဆိုင် ကြမယ်နော်
Jongin ပြောတော့ Kyung Soo ခေါင်းငြိမ့်ပြသည်...ပြီးတော့ အိပ်ရာ ပေါ် ကနေထရင်း
~ ထ လိုက်ပို့ ပေးမယ်
~ ကိုယ့်ကို ကလေး က စိတ်မချ ဘူး ပေါ့ နော်
~ မဟုတ် ပါဘူးနော် ဒီအချိန်ကြီး Taxi မရမှာ စိုးလို့
Kyung Soo အဖြေ ကြောင့် Jongin ပြုံးလိုက်ရင်း Kyung Soo ဆံပင်တွေကို ဖွဖွ နမ်းကာ
~ ဒီကလေး ကြည့် ကိုယ့်ကို စိတ်မချ ဘူး ဆိုပီး ဖြေရင် ဘာဖြစ်မှာ မို့လဲ
ဒီတစ်ခါတော့ သူရော Kyung Soo ရော ရယ်မိကြသည် ဒီအချိန်လေးတွေက်ု ရပ်တန့်ထားချင် မိကြတာ အမှန်
~~~~~~××××××~~~~~~
ကားကို အရှိန်နဲ့ မောင်းနေတဲ့ Kyung Soo ရဲ့ ချစ်စရာ ကောင်းတဲ့ မျက်နှာလေး ကို Jongin ခပ်ငေးငေး စိုက်ကြည့် နေမိသည်