Cheer Up ! Teacher Jong
ခင်ဗျား က ဘာလို့ လာပြောနေတာလဲ ကျွန်တော့် ကို ဘယ်သူ မှ ခုလို ဂရု မစိုက် ဘူးဘူး ဆိုတဲ့ အမေး ကြောင့် သူ ပြုံးကာ
မင်း ကို အရင် က ဘယ်သူ ဂရိုက် စိုက် မစိုက်စိုက် ငါ ဂရု စိုက်မယ် မင်း နားမှာ ငါ အမြဲ ရှိနေမယ် မင်း ထင်ရာ စိုင်းပြီး လျောက်လုပ် နေတာ တွေ ငါ မမြင်ချင်ဘူး အဲဒါ ဘာလို့လည်း ဆိုပြီး ငါ့ ကို မမေး ပါနဲ့ ငါလည်း တကယ် မသိဘူး ဒါပေမယ့်လည်း မင်းကို ငါ နွေးထွေတဲ့ မေတ္တာတွေ နဲ့ ဂရု စိုက်ပါရစေ...
¥¥¥¥¥¥¥
Jongin တစ်ယောက် သူအမ လာချပေးတဲ့ ကော်ဖီနဲ့  Cake ကို အသာ ယူပြီး ကော်ဖီ ကို ဘေးမှာ အအေး ခံကာ Cake ကိုတော့ ဇွန်းသေးသေး လေးနဲ့ အတုံး လေးတွေ တုံးပေးနေမိသည်........ သူ့မျက်ဝန်းထောင့်မှာတော့ Kyung Soo က သူ့ကို တအံ့တသြ ကြည့်နေတယ် ဆိုတာ သူ သေချာ မကြည့် ပေမယ့်လည်း ကောင်းကောင်းသိနေပါသည်
စားလေ ဘာကြောင်ကြည့်နေတာလဲ ခွံ့ ပါ ကျွေးရဉီး မလား ဆိုပြီး သူ မေးလိုက်တော့
Kyung Soo က ခေါင်းယမ်း ပြကာ ကိတ်တွေကို ပါးစပ်ထဲ ပလတ်ပလောင်း ထည့်စား နေလေသည်
ဒီလို ကျတော့လည်း Kyung Soo ပုံစံလေးက တကယ် ကလေးလေး အတိုင်းပါ
ရော့ ကော်ဖီရော သောက် ဆိုပြီး သူ ဂရု တစိုက်နဲ့ မွှေပြီးပေးတော့ Kyung Soo က သူ့လက်ထဲက ကော်ဖီ ခွက်ကို ယူကာ တစ်ချက်တည်း မော့ချ လိုက်သည်..
စားသောက်ပြီးတော့ သူ Kyung Soo လက်ကို ဆွဲရင်း ကျောပိုး အိတ်ကိုလည်း သူကိုင်ပေးကာ ကျောင်းကို ဉီးတည်ခဲ့သည်...ကော်ဖီ ဆိုင်ထဲက သူ့အမ သူ့ကို တအံ့ တသြ ကြည့်နေတာကိုလည်း သူ ဂရု မစိုက်အား
Kyung Soo ကို အတန်းရှေ့ ထိ ပို့ပေးပြီး
Kyung Soo ပုခုံးသေးသေး လေးတွေ ကိုင်ကာ
Kyung Soo Ah...ဘယ်မှ မသွားနဲ့ နော် အတန်းထဲမှာဘဲ ရှိနေနော် ဆိုပြီး သူ တစ်ချက် ပြောလိုက်တော့