Cheer Up ! Teacher Jong
Jongin ကတော့ သူ့နှုတ်ခမ်း သူ ကိုင်ရင်း ကျောက်ရုပ် ဖြစ်နေတာပင်
ဒါ ဒါနဲ့ဆို Kyung Soo သူ့ကိုနမ်းတာ ၂ ခါတောင်ရှိပြီ ဘေးက ကားမောင်းနေတဲ့ Kyung Soo မျက်နှာလေး ကို ကြည့်လိုက်တော့လည်း ဘာမှ မထူးဆန်သလို ပုံမှန်အတိုင်းပင်
~~~~××××××~~~~~
Kyung Soo ကားမောင်းနေရင်း နဲ့ ဘေးကို ကြည့်လိုက်တော့ Teacher Jong က ပါးစပ်ကို လက်အုပ်ထားပြီး ထိုင်နေတုန်းပင်
ခုနက သူ့လုပ်ရပ်ကြောင်များ လန့်သွားတာလား အို ဒါက ပါးပါးလေးရှိသေး တာကို သူက အသည်း ယားလာရင် ခုလို ဖက်နမ်း ပစ်ချင်တာ အထူး သဖြင့် တခြား သူတွေကို မဟုတ်ဘဲ Teacher Jong တစ်ယောက်တည်းသာ
ကားထဲမှာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို Jongin ဖြိုခွဲဖို့ ကြိုးစားလိုက်သည် Kyung Soo မျက်နှာလေး ကိုကြည့်လိုက်တော့ တစ်ခုခု ကို အသည်း အသန်စဉ်းစား နေသည့်ပုံ
~ Kyung Soo မင်း ဒီတစ်ခါ Exam မှာ A plus မရချင်ဘူးလား
Jongin မေးလိုက်တော့ Kyung Soo က မျက်မှောင်ကြုံ့ကာ တစ်ချက်ကြည့်ရင်း
~ ကျွန်တော် A ရရ မရရ ဘယ်သူမှ ဂရု မစိုက်ဘူးတာ
~ ငါ ငါ ဂရု စိုက်မယ် ဆိုရင်ရော
~ ဘာလို့လဲ
~ မင်းက ငါ့တပည့်လေ အဲဒါကြောင့်
Jongin ဖြေလိုက်တော့ Kyung Soo သူ့ကို ကားရပ်ပြီး ကြည့်လိုက်တာကတစ်မျိုးလေးပင်
~ တပည့် မို့ A ရစေချင်တာလား
Kyung Soo ဘာကို သိချင်လို့ ထပ်မေးမှန်း သူမသိပေမယ့် သူခေါင်းငြိမ့်ပြလိုက်သည်
~ တကယ်လို့ A ရရင် ဘာလုပ်ပေးမှာလဲ
ဒီတစ်ခါ Kyung Soo အမေး ကိုတော့ Jongin မဆိုင်း မတွ ဖြေလိုက်မိသည်
~ မင်းကြိုက်တာ ဘာမဆို ငါလုပ်ပေးမယ်
~ တစ်ခုထက် ပိုရင်ရော
