Cheer Up ! Teacher Jong
~ ဒါကရော ဘာသဘောလဲ
ဆံပင်ရေစက်လက် နဲ့ရောက်လာကာ မေးလိုက် တဲ့ Kyung Soo ပါ သူမေးလည်း မေးချင် စရာပင် အခု တစ်ခါလည်း Teacher Jong က Apron ကြီး ၀တ်ကာ ဟင်းချက်တဲ့ နေရာ မှာ ရောက်နေပြန်ပြီ မဟုတ်လား
~ စားဖိုမှူးလည်း ခင်ဗျား ဘဲလား
Kyung Soo ထပ်မေးလာတော Jongin သူပြုံးကာ ကလေး ကို လှည်ကြည့်ရင်း
~ ကိုယ်က Kyungie ကို အပြင်စာ တွေ မစား စေချင်လို့ပါ
သူ ပြောရင်း သူပြင်ထားတာတွေကို ချပေးလိုက်သည် ဒီတစ်ခါတော့ Kyung Soo က ဘာမှ မပြောဘဲ အေးအေး ဆေးဆေး ထိုင်စား နေလေသည်
စားလည်း ပြီးရော Kyung Soo က လွယ်အိတ် လွယ်ကာ ထွက်တာကြောင့် သူ အပြေးလိုက်လာတော့ ရှေ့ကသွားနေတဲ့ Kyung Soo ကနောက်ပြနလှည့်လာရင်း
~ Driver ကလည်း ခင်ဗျားဘဲ မလား ရော့
ဆိုပြီး သော့ကို သူ့ဆီ လှမ်းပစ်ပေးလေသည် သူသော့ကို အမိဖမ်ရင်း Kyung Soo ပြိုင်ကား လေးပေါ် တက်ထိုင်ကာ Driver နေရာ ယူလိုက်သည်
* Kyung Soo ပြိုင်ကား တွေကို ကြိုက်တတ်တာတော့ ခုထိ မပြောင်းလဲသေးပါလား *
~~~~~~~~××××××××~~~~~~~
စာသင်ချိန် တစ်လျောက် ကတော့ အဆင်ပြေပြေ ပင်...စပြီး ပြသနာ စတာ ကတော့ ညနေ ကျောင်းဆင်း ကာမှ
သူ့ ဆရာ တစ်ဖြစ်လည်း တာဝန်ယူထားတဲ့ Teacher Jong က အခု Shooting ကို သူနဲ့ အတူ လိုက်မယ် ဆိုပြီး ပြောလေတော့ Kyung Soo အသည်း အသန် ငြင်းမိတာ အမှန်
~ ခင်ဗျား က ဘာလို့ လိုက်မှာလဲ မလိုက်နဲ့
Kyung Soo က ပြောတော့ Jongin တစ်ယောက် မျက်မှောင် ကို ကျုံ့ရင်း
~ မရပါဘူး ကိုယ်က Manager ပါဆို လိုက်မှာဘဲ
~ Yaaaa ခင်ဗျား လိုက်လာ ပီး နှောက်ယှက်လို့ ကတော့ အတွေ့ဘဲ
Kyung Soo က ခြိမ်းခြောက်လေတော့ Jongin တစ်ယောက် ပုခုံး တွန့်ရင်း
~ ကိုယ်ကတော့ မင်းကို ကာကွယ် ရမှာလဲ
~ ဘာဆိုင်လဲခင်ဗျား နဲ့ ကျွန်တော်က
~ ဆိုင်တယ် မဆိုင်ဘူး ဆိုတာ Kyungie အသိ ဆုံးပါ ဘဲ