Cheer Up ! Teacher Jong
~ ကဲ ပြောပါ ဘာလုပ်ချင်လဲ ဘာတွေ ၀ယ်ပေး ရမလဲ ဘယ်တွေ လည်ချင်လဲ
~ အင်း အခု လောလော ဆယ် အရင်ဆုံး Shopping
~~~~~~×××××~~~~~
Kyung Soo က Shopping ဆိုတော့ Jongin သူ့ ကလေး အလိုကျ နာမည်ကြီး Victoria Mall ရှေ့ ကားလေး ထိုးရပ်လိုက်သည် ကားရပ်ရပ်ချင်းပင် သူ့ကိုတောင် မစောင့်ဘဲ သူ့အိတ်လေး သူဆွဲကာ ရှေ့ကနေ ဆင်းသွားတဲ့ Kyung Soo နောက် သူ့မှာ ကား Parking ထိုးပြီး အမြန်လိုက်ရသည်
သူနောက်ကနေ Kyung Soo နောက် အပြေး လိုက်ရင်း Kyung Soo ပခုံးကို ဖက်လိုက်တော့ Kyung Soo က မော့ကြည်လာတယ်လေ
# အကြည့်တွေက ဖြူစင်လိုက်တာ Kyung Soo ရာ #
~ ကဲ ပြော ဘာလိုချင်လဲ
~ ဘာလဲ ဒီနေ့ ၀ယ်တာ အကုန်ရှင်းပေးမှာလား
~ အင်း A plus ရလို့ ဆုချ တာ
သူ ပြောလိုက်တော့ Kyung Soo ကပြုံးရင်းတွန်း ခြင်းကို ယူကာ သူ့ဘေးနား လာရပ်ပြီး
~ ဒီမှာထိုင်မယ် တွန်းပေး
ပြောပြောဆိုဆို ခြင်းထဲ ၀င်ထိုင်လိုက်တဲ့ Kyung Soo ကြောင့် သူပြုံးမိ သွားသည် နောက်ကနေ တွန်းလှည်းကို အသာ တွန်းတော့
~ ဟိုးးးဟိုး Stop ဟို ချောကလက်ဘူး ယူမယ်
ဟိုဟာ ယူမယ် ဒီဟာ ယူမယ် ဆိုပြီး ကလေး တစ်ယောက်လို ပူဆာနေတဲ့ Kyung Soo အလိုကျ မုန့်တွေ ယူ အပြီး မှာတော့ ခြင်းတစ်ခြင်းလုံး ပြည့်ကာ Kyung Soo ကိုယ်ကိုတောင် မြှပ်ချင်ချင်
Jongin ကသာ နောက်ကနေ အမောခံပြီး တွန်းနေရတာ Kyung Soo ကတော့ လက်မြှောက်ရင်း အတော်ပျော်နေပုံပင်
Selfie Selfie ဆိုပြီး အော်ပြန်တော့လည်း သူ့မှာ လက်၂ ချောင်း ခနခန ထောင်ပြရတာ အမောပင်
~~~~~~××××~~~~~
အောက်ထပ် အစား အသောက်တန်းမှာ ၀ယ်ပြီးတော့ အပေါ်ထပ်သွားမယ် ဆိုလို့ သူ့မှာ အထုပ်တွေ ဆွဲကာ နောက်ကနေ လိုက်ရသေးသည် ဒီတစ်ခါတော့ Kyung Soo ၀င်သွားတာ လတ်ဝတ်ရတနာ ဆိုင်ထဲမို့ သူ နောက်ကနေ အသာ လိုက်ဝင်ခဲ့သည်