Cheer Up ! Teacher Jong
နမ်းနေတာ ကို မရပ်ကြသေးဘဲ Jongin လက်တွေက Kyung Soo ခါးလေး ကို ခပ်တင်းတင်း စုပ်ကိုင်ရင်း အနမ်းတွေ တဖြည်းဖြည်း ပိုမို နက်ရှိုင်း လာသည်
နှစ်ယောက်သား အနမ်းတွေပေးတာ ကြာတော့မှ လူချင်း ခွာလိုက်ကြရင်း
~ Appa နဲ့ အဆင် မပြေဘူး အဲဒါကြောင့် အိမ်ပေါ် ကနေ ဆင်းလာတာ
Kyung Soo ရဲ့ မျက်နှာလေး အောက်ငုံ့ ကာ ပြောလိုက်တဲ့ အပြောကြောင့် Jongin သူ Kyung Soo ကိုယ်လေး ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်
ဘယ်လို ကံမျိုးပါလိမ့် Kyung Soo ရယ် အဖေ ရှိရဲ့ သားနဲ့ နွေးထွေးမှု့ကို မရရှာတဲ့ သူ့ ကလေးလေး
~~~~~~~~××××××~~~~~~
Teacher Jong ရောက်လာတာနဲ့ ပစ္စည်းတွေ နေရာ ချမယ် ဆိုတဲ့ Kyung Soo အလုပ်ပျက်သွားလေသည်...သူက ကျောင်းမသွားဘူး ဆိုပြီး ဂျီကျတော့ နောက်ဆုံး အလျော့ပေးရတဲ့ သူက Teacher Jong ပင်....နောက်ဆုံးတော့ Teacher Jong လည်း နေ့ခင်းမှ အတန်းရှိတာ ဆိုတော့ Kyung Soo အဖော် ရအောင် ဆိုပြီး အိမ်မှာ နေပေးဖို့ ဆုံး ဖြတ်လိုက်လေသည်
~ အဲ့ Pororo လေးတွေက တကယ် Kyungie နဲ့ တူတယ် သိလား
အိမ်ရှေ့ ခန်းက ဆိုဖာ ပေါ်မှာ ထိုင်နေတဲ့ Jongin ဆီက ထွက်လာတဲ့ အသံ..Kyung Soo ကတော့ သူ့ခေါင်းကို Jongin ပေါင်ပေါ်မှာ တင်ကာ အိပ်ရင်း နဲ့ TV ကြည့်နေတယ်လေ Jongin ရဲ့ လက်နှစ်ဖက်ကလည်း Kyung Soo လက်သေးသေး လေးတွေက်ု စုပ်ကိုင်ရင်း စလိုက်တော့
အလို အလျောက် Kyung Soo နှုတ်ခမ်းလေးက Auto ဆူလာပြီး
~ ခင်ဗျားလည်း ၀က်ဝံကြီး နဲ့ တူတာဘဲ ၀က်ဝံ ညိုညိုကြီး
Kyung Soo ရဲ့ ပြုံးစိစိ နဲ့ ပြန်စတဲ့ စကား က Jongin အတွက်တော့ ရယ်ဖို့ ကောင်းတာ အမှန်ပင်
~ ကိုယ့်ကို ၀က်ဝံ နဲ့ တူတယ် ဟုတ်လား ပြီးတော့ အကြီး ကို ခင်ဗျား လို့ ဘဲခေါ်နေမှာလား အဲ့လို ဆိုရင်တော့ ဒီနှုတ်ခမ်းတွေကို အပြစ်ကြီးကြီး ပေးရတောာမယ် ထင်တယ်