Part 1Do Kyung Soo မင်းကို Teacher ခေါ်နေတယ် ဆိုတဲ့ အသံကြောင့် နောက်ဆုံးတန်းမှာ ခုံ ၃ ခုံကို ဆက်ပြီး ခြေထောက်ဆန့်ကာ ထိုင်နေတဲ့ သူ..သူ့ကို လာပြောတဲ့ အတန်းခေါင်းဆောင်ကို မော့ကြည့်ကာ
ပီကေ တဖျောက်ဖျောက် ဝါးရင်း
ဘယ် Teacher ခေါ်တာလဲ ဆိုပြီး ပြန်မေးလိုက်တော့
ဆရာ အသစ်လို့ ပြောတယ် Mr Choi နေရာမှာ ခန လာသင်တဲ့ ဆရာတဲ့
ဘာကိတ်နဲ့ ငါ့ကို ခေါ်တာလဲ ဆိုတဲ့ သူပြန်မေးလိုက်တော့
ဟို ငါတော့ မသိဘူး မင်းသွားလ်ုက်တော့နော်ဆိုပြီး ပြောရင်း ထွက်သွားတဲ့ အတန်းခေါင်းဆောင် ကျောပြင်ကို စူးစိုက်ကြည့်ရင်း
အလကား အတန်းခေါင်းဆောင် ဒါလေးတောင် မသိဘူး ဟု နှုတ်မှ ခပ်တိုးတိုး ရွတ်ဆိုကာ ခုံကိုစောင့်ကန်ပြီး ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ထွက်လာခဲ့သည်
မသိရင်တော့ သု့ပုံစံက ခုဘဲ လူထရိုက်တော့မယ့် ရုပ်နဲ့
¥¥¥¥¥
Kyung Soo တစ်ယောက် Teacher Room ရှေ့ရောက်တော့ အခန်းထဲကို တစ်ချက်ကြည့်လိုက်တော့ အကုန်လုံးက သူသိနေတဲ့ Teacher တွေ သူမသိ တာဆိုလို့ ဟိုး ထောင့်က တစ်ယောက် ကိုဘဲ မသိတာ
သူ အဲ့ Teacher ဆီတန်းတန်း မတ်မတ်သွားရင်း
ွကျွန်တော့်ကို ခေါ်တယ် ဆို ဆိုပြီး မေးလိုက်လေသည်
¥¥¥¥¥¥
Jongin တစ်ယောက် သူသင်ရမယ့် စာတွေ ပြန်ကြည့်နေရင်း ကနေ
ကျွန်တော့်ကို ခေါ်တယ်ဆို ဆိုတဲ့ ဘုဆတ်ဆတ် အသံကြားတော့ သူ့ရှေ့မှာ ရပ်နေတဲ့ကောင်လေး ......ကျောင်းအင်္ကျီလည်း ၀တ်မထားဘဲ အင်္ကျီ၊ရှပ် အနက် လက်တို ၀တ်ထားတာ သေချာ ကြည့်လိုက်တော့ ကျောင်းအင်္ကျီကို ခါးမှာ စည်းထားပြီး ပီကေ ကလည်း တဖျောက်ဖျောက် ဝါးနေတာ